.စစ်သေနာပတိချုပ် စံအိမ်တော်တွင်း ဒုတိယအာဏာအရှိဆုံး ပုဂ္ဂိုလ်ဟာ အိမ်အတွင်း သွားလိုက်လာလိုက်နဲ့ လူးလားခေါက်တုံ့ တစ်ခုခုကို ရှာဖွေနေတယ်။
သူရှာနေတဲ့ တစ်ခုခုဟာ သေးသေးကွေးကွေး သာမာန်ပစ္စည်းလည်း မဟုတ် ဒီလောက်လူကောင်ကြီးကို တစ်အိမ်လုံး ရှာမတွေ့ပါ။ ဒီလောက်ကိစ္စလေးနဲ့ အရှင့်ကို ဒုက္ခမပေးချင်သော်လည်း မေးရန်မှာ အရှင်တစ်ယောက်သာ ကျန်တော့တယ်။
သူမရှာရသေးတာလဲ အရှင့်အခန်းတစ်ခုတည်းသာ။ အရှင်က ကောင်လေးကို ညတိုင်းခေါ်အိပ်တယ်ဆိုပေမယ့် နေမကောင်းနေတုန်း သူ့အခန်းပြန်နေချင်နေဖို့ ခွင့်ပြုထားတာ မဟုတ်လား။ အရင်ကလို အရှင့်နောက် တစ်ကောက်ကောက် လိုက်နေရအောင်လည်း အရှင်က သူမရှေ့မှာ ငုတ်တုပ်ကြီး။
အရှင့်မျက်နှာကလည်း မကြည်သာပါ။
တိမ်ဖုံးနေတဲ့ လမိုက်ကမှ အရှင့်မျက်နှာထက် ကြည်သာပါဦးမည်။"အဖွားဘာဖြစ်နေတာလဲဟင် တစ်မနက်လုံး အဖွားကိုကြည့်ရတာအဆင်မပြေဘူး ကျွန်တော့်ကို တစ်ခုခုမေးချင်နေတာဆို မေးလိုက်ပါ''
အရှင်ကရော အဆင်ပြေနေရဲ့လားလို့ ပြန်မေးချင်ပေမယ့် မမေးရဲပါ။ အရှင့်ပုံစံက အဆင်မပြေနေတာ အသိသာကြီး။ မဟုတ်မှ ကောင်လေးက အရှင့်ကိုထားပြီး ထွက်ပြေးသွားပြီလားမသိ။ မေးပြီး အတည်ပြုကာမှ အရှင့်ကို ပိုဆိုးစေမှာလည်းစိုးပါရဲ့။
"ဟိုကောင်လေးကို မတွေ့လို့ပါအရှင် နေမကောင်းပဲ ဘယ်တွေလျှောက်သွားနေလဲ မသိဘူးရယ်''
စကားအဆုံး မဝံမရဲအရှင့်မျက်နှာ အကဲတော့ သေချာပေါက် ကွက်ခနဲမျက်နှာပျက်သွားပေမယ့် ခနလေးနဲ့ ပြန်ထိန်းလိုက်တယ်။
"သူ ဘယ်မှမသွားပါဘူး.... ကျွန်တော့်အခန်းထဲမှာ ရှိပါတယ်.....သူ့အတွက်လိုအပ်တာတွေ အခန်းထဲပို့ပေးရင် ရပြီ...အပြင်မထွက်ခိုင်းပဲ ကျွန်တော်ပဲ ဂရုစိုက်လိုက်မယ်''
"ဟုတ်ရဲ့လားအရှင်ရာ ဒီကောင်လေး အဲလိုငြိမ်ငြိမ်နေနိုင်ပါ့မလား''
"သူကလေးမှမဟုတ်တာ နေရမှာပေါ့''
အရှင့်မျက်နှာက ဆွေးလျလျ။ တစ်ခုခုကို ဆုံးရှုံးထားတဲ့ မျက်နှာမျိုး။ သူမထပ်မမေးရက်တော့ပါ။
![](https://img.wattpad.com/cover/354360175-288-k107979.jpg)
YOU ARE READING
ဝံပုလွေတို့ရဲ့ဧကရာဇ်