ရေခဲနန်းတော်
ဝံပုလွေတို့ရဲ့ဧကရာဇ်တည်ရှိရာ အအေးဆုံးနဲ့ လျှို့ဝှက်ဆုံးနေရာကို ရေခဲနန်းတော်လို့ ခေါ်ကြတယ်။
သူတို့နေရာရဲ့ အောက်ဖက်မှာ လျှို့ဝှက်ပြီး နေကြတဲ့ ရွာငယ်လေးတွေရှိသေးတယ်။ တော်ယုံလူ ရှာဖွေတွေ့နိုင်ဖို့မလွယ်။
အဲဒီလိုရွာတွေထက်ပိုပြီး လျှို့ဝှက်ဆုံးနေရာဖြစ်တဲ့ သူတို့နေရာကို လူတွေဘယ်လိုရှာဖွေတွေ့ရှိကြတယ်မသိရ။
နေရာကိုမရှာနိုင်ပဲ အပြင်ထွက်သွားလာလှုပ်ရှားချိန်ကိုစောင့်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကိစ္စတွေကတော့ ဖြစ်ပြီးသွားခဲ့ပြီ။ ဒဏ်ရာတွေကိုကုရင်း အင်အားပြန်ပြည့်ဖို့ အရှင်စောင့်နေရချိန် အရှင့်လက်ရုံးနှစ်ဆူမှာ အလှည့်ကျ ရွာတွေဖက်ဆင်းကာ သတင်းစုဆောင်းပေးရတယ်။ မဟုတ်ပါက အရှင့်ကိုတားထားနိုင်မယ်မထင်ပါ။
သတင်းစုဆောင်းမိကာ အင်အားအတော်လေးပြန်ပြည့်လာတဲ့အရှင့်ကို တစ်လတိတိပြည့်တဲ့နေ့မှာ အဖွားအိုဆယ်လာလည်းမထိန်းနိုင်တော့ပါ။ အရှင့်လက်ရုံးနှစ်ဆူနဲ့အတူ လက်ရွေးစင်ရှစ်ယောက်ကို ရွေးကာ သူတို့ရဲ့ခရီးရှည်ကြီး စတင်ခဲ့ပြီ။မြောက်ယားရွာ
"ဒီရွာမှာ ရှိတဲ့သူကိုခေါ်ခဲ့''
လက်ခေါက်မှုတ်သံသုံးချက်ထွက်လာပြီးနောက် အသင့်စောင့်နေပုံရတဲ့ လူတစ်ယောက် သစ်ပင်ပေါ်ကခုန်ဆင်းလာတယ်။
"အရှင် ကျွန်တော်မျိုးကို အလိုရှိရာ သုံးပါ''
ညစ်ထေးနေတဲ့ဆံပင်တွေကို သစ်ခေါက်ပျော့နဲ့ ဖြစ်သလိုစုစည်းထားပြီး သစ်ပင်စိမ်းရောင်ပေါက်နေတဲ့ အင်္ကျီကိုဝတ်ထားတဲ့လူက ရိပေါ်ရှေ့မှာ ရိုကျိုးစွာအမိန့်နာခံနေတယ်။ ဒီပုံစံဟာ ကိုယ်ယောင်ဖျောက်ထားတဲ့ ကင်းထောက်တစ်ယောက်ရဲ့ပုံစံအစစ်အမှန်ပဲ။
"မလိုဘူး မင်းသိသမျှအကုန်ပြော''
"ကိုယ်ရံတော်ကြီးအမိန့်နဲ့ ကျွန်တော်မျိုး အကုန်စုံစမ်းထားပြီးပါပြီ သူတို့က အနောက်အလယ်ပိုင်းအင်ပါယာအရှင်ရဲ့ အထူးလေ့ကျင့်ထား စစ်သားတွေပါ ''
တိကျပြတ်သားပုံပေါက်နေတဲ့ ဝမ်ရိပေါ်ရဲ့
မျက်ခုံးတွေဟာ အလိုမကျမှုကြောင့် တွန့်ကုတ်ကုန်တယ်။
YOU ARE READING
ဝံပုလွေတို့ရဲ့ဧကရာဇ်