"မောင်ကြီး''
စစ်ကျင်းကို ပြေးဖက်လာတဲ့ကောင်မလေးက တစ်ခုခုထူးခြားနေတာ အသေအချာ။
"ဘာဖြစ်လို့လဲ ယိုအာ ရင်တုန်လိုက်တာဟာ''
"ဗိုက်ထဲမှာ ဗိုက်ထဲမှာ'....''
"ဗိုက်ဘာဖြစ်လို့လဲ မြန်မြန်ပြောစမ်းပါ သမားတော်ခေါ် ပေးရမလား... ဒီမှာနတ်ဆရာမကြီး မရှိဘူးဟ''
"မဟုတ်ဘူး မဟုတ်ပါဘူး...... ကလေးလေးရောက်နေပြီလို့ ပြောမလို့ပါ''
"ဘယ်လို မောင်ကြီးတို့မိဘတွေ ဖြစ်ပြီလို့ ပြောတာလား''
ယိုအာက မျက်ရည်တွေ ကြားကနေ ခေါင်းတဆတ်ဆတ်ညိတ်တယ်။ စစ်ကျင်းမှာ ဝမ်းသာလွန်းလို့ ယိုအာကို ပွေ့ချီကာ လေထဲ ဆွဲမြှောက်ပစ်လိုက်တော့တယ်။
"အိုမောင်ကြီးကလည်း ကလေးလေးရှိပါတယ်ဆို''
"မင်းကလူသားအစစ်မှ မဟုတ်တာ လူသားတွေလောက် နူးညံ့နေစရာမလိုပါဘူး ငါပျော်ပါရစေဦး...ဟားဟား''
ဆက်ဆက်ခါ ပွေ့ချီလိုက် မြှောက်လိုက် ပျော်မြူးနေတဲ့ စစ်ကျင်းက ကလေးအဖေဖြစ်ဖို့ မစောင့်နိုင်တော့သလို။
သူတို့တွေ ဇနီးမောင်နှံဖြစ်တာ ကြာပေမယ့် ကလေးမရကျ။ ကြာတော့ကလေးမရတော့ဘူးတောင် ထင်နေကြတာ ခုလိုမမျှော်လင့်ပဲ ရလာတာမို့ စစ်ကျင်းလောက် ပျော်တဲ့သူ ရှိပါဦးမလား။
.
.
.မထွက်ခွာမှီ လူထပ်စုကြရပြန်တယ်။ ဒီတစ်ခါအစည်းဝေးမှာ လေအိုပါပါလာတယ်။သူက နယ်မြေကျွမ်းကျင်သူမို့ အစမ်းသပ်ခံတွေကို ကယ်ဆယ်ရေးမှာ ဦးဆောင်လိမ့်မယ်။ အစည်းဝေးမှာလည်း စစ်ကျင်းက ဝမ်းသာမှုကို ဖုံးမထားနိုင်စွာ ကြွားနေပြန်တယ်။ အားလုံးအကုန်ဝမ်းသာ သွားကြတယ်။ ကလေးချစ်တတ်တဲ့ ရိပေါ်ပါ စစ်ကျင်းနီးနီး ပျော်ရွှင်နေတော့တယ်။
"အရေးအကြောင်းထဲမှာတောင် ကလေးရအောင်ယူနိုင်တဲ့ ကောင်ကွာ ချီးကျူးတယ်....ဟားဟား''
"ကိုကြီးအန်းရှုကလည်းဗျာ''
လက်ရွေးစင်ရှစ်ယောက်ထဲမှ အန်းရှုရဲ့ စနောက်မှုကြောင့် စစ်ကျင်းခမျာ အရှက်သည်းနေတော့တယ်။ ဟိုကုတ်လိုက် ဒီကုတ်ပွတ်လိုက်နဲ့ သူ့လက်နှစ်ဖက်ကို ဘယ်ထားရမှန်းမသိအောင် ဖြစ်နေတော့တယ်။
အားလုံးက ပေါ့ပေါ့ပါးပါး ရယ်ဖြစ်ကြတယ်။ ပြီးမှစစ်ကျင်းက မျက်နှာပိုးသတ်ကာ
![](https://img.wattpad.com/cover/354360175-288-k107979.jpg)
YOU ARE READING
ဝံပုလွေတို့ရဲ့ဧကရာဇ်