19
"အရှင်''
အသူတစ်ရာချောက်ရဲ့ ကမ်းပါးမှာ ဝမ်းနည်းနာကျင်နေကြတဲ့ လူတစ်စုနဲ့ အံသြမှင်သက်နေကြတဲ့ လူတစ်စုဟာ ခေါ်သံတစ်ခုကြောင့် ရုတ်ချည်း တိတ်ဆိတ်သွားတယ်။ ဖုန်မှုန့်သဲမှုန့်တွေရောနေတဲ့ ခပ်ညစ်ညစ်လေတစ်ပွေ့ပါ ဝှေ့တိုက်လာတဲ့အခါ သေမင်းခေါ်သံပမာ။
နန်းတော်မှာ မနေခဲ့ပဲ မခွဲနိုင်မခွာရက်ဖြစ်ကာ လိုက်လာတဲ့ လေအိုဟာ ဒီအဖြစ်အပျက်တွေကို မသိပါ။
ဝေါယဥ်ပေါ်က ပြေးဆင်းလာတဲ့ လေအိုရဲ့အသံဟာ ရူးသွပ်လုနီးပါးဖြစ်နေတဲ့ ရှောင်းကျန့်ကို ရန်စလိုက်သလိုပဲ။
ဆတ်ခနဲတုန်တက်သွားတဲ့ ခန္တာကိုယ်နဲ့အတူ မီးဝင်းဝင်းတောက်နေတဲ့ အဝါရောင်မျက်လုံးတွေနဲ့ လှည့်ကြည့်လာတယ်။အင်ပါယာအရှင်ရဲ့ ရင်ထဲတစ်ခါမှ မဖြစ်ပေါ်ဖူးတဲ့ ကြောက်စိတ်တွေ အလုံးအရင်း ဝင်ရောက်လာတယ်။ အခုအချိန်မှာ ရှောင်းကျန့်ကို တားဆီးဖို့ ဘယ်လိုအရာကမှ မတတ်နိုင်မှာစိုးတယ်။
"လေအို မင်း ပြေးတော့ ''
"အူးးးးးး''
အန္တာရယ်ရှိတဲ့ ထုတ်လွှတ်သံဟာ အရှင်ရိစ်တားမြစ်သံနဲ့အတူ ထွက်ပေါ်လာလို့။
အရှင်ရိစ်ရဲ့ စိုးရိမ်ပူပန်မှုအပြည့် တားမြစ်သံဟာ နောက်ကျသွားလေပြီ။
ရှောင်းကျန့်က လျှပ်စီးလက်သလို လျင်မြန်မှုမျိုးနဲ့ လေအိုအနားရောက်သွားခဲ့ပြီး လေအိုကို ခုန်အုပ်လိုက်တော့တယ်။ ခနချင်းအတွင်း လေထဲမှာ သွေးအနံ့တွေ ပျံ့လွင့်လာကာ ပူနွေးစေးပျစ်တဲ့အရာတွေ ဘေးပတ်ဝန်းကျင်အနှံ့ ဖျန်းပက်ပြီးသား ဖြစ်သွားတယ်။ ပိန်ပိန်ပါးပါး ခန္တာကိုယ်လေးထက်က အဖြူဖျော့ဖျော့ ဝတ်စုံလေးမှာ အနီရောင်ခပ်များများ ရေးချယ်လိုက်သလိုရယ်။ ဒါပေမယ့် ရှောင်းစိတ်ထဲ မကျေနပ်သေးပါ။နောက်ထပ်စက္ကန့်ပိုင်းလေးအတွင်း ချောက်ကမ်းပါးထိပ်ဟာ အော်ဟစ်အကူညီတောင်းသံတွေနဲ့ ကမ္ဘာပျက်နေသည့်သလား။ စစ်ကျင်းတို့လူစုဟာ ဝံပုလွေပုံပြောင်းပြီး အရှင်ရိစ်ရဲ့ လူစုကိုပြင်းပြင်းထန်ထန် တိုက်ခိုက်ကြတော့တယ်။ အင်ပါယာအရှင်ကိုတော့ ရှောင်းကျန့်အတွက် ချန်ထားပေးကြတယ်။
YOU ARE READING
ဝံပုလွေတို့ရဲ့ဧကရာဇ်