Ep.4(uni)

1.3K 90 10
                                    

ဘာဒီးနားကွင်း

ဒီနေ့မှာတော့ ဟေးမီးစ်တစ်မြို့လုံးမှာ ဘာဒီးနားကွင်းဟာ သက်ဝင်လှုပ်ရှားမှုအရှိဆုံး နေရာတစ်ခုဖြစ်လို့နေတယ်။
ထပ်မံတိုးချဲ့ထားတဲ့ ကွင်းကြီးထဲမှာ အလယ်က ကျယ်ဝန်းတဲ့လူသတ်ကွင်းအပြင် ထပ်ဆင့်ပြုလုပ်ထားတဲ့ ပွဲကြည့်စင်များလည်း အများအပြားတိုးချဲ့ထားလို့ ပရိသတ်အများကြီးပိုဆန့်နေတယ်။
တစ်မြို့လုံးနီးပါး လာကြည့်နေသလားထင်ရအောင် ပွဲကြည့်စင်ခုံတွေမှာ ပြည့်လျှံလို့။
အလယ်လူသတ်ကွင်းမှာ သံတိုင်တွေကို အတော်မြင့်တဲ့ထိထောင်ထားပြီး သားရဲတွေခုန်ထွက်ကာ လူတွေဘက်မရောက်အောင် ကာကွယ်ထားတယ်။
သတ်ကွင်းရဲ့ထိပ်ဘက် အကောင်းဆုံးနေရာကိုတော့ အင်ပါယာအရှင်ရဲ့ ပွဲကြည့်ဆောင်ရှိတယ်။ အမိုးအကာနဲ့ ခမ်းနားတင့်တယ်အောင် ပြုလုပ်ထားပြီး အင်ပါယာအရှင်နဲ့ မိဖုရားအတွက်စီစဥ်ထားတယ်။ ထိုမှတစ်ဆင့်နိမ့်တဲ့နေရာမှာ အရှင့်ဆွေတော်မျိုးတော်များ၊ စစ်သေနာပတိချုပ်နဲ့ အမတ်တစ်ချို့ထိုင်နေတယ်။
သတ်ကွင်းနဲအနီးဆုံး၊ အောက်ဆုံးနေရာမှာတော့ အရှင့်အချစ်တော်ရှောင်းရှိနေတယ်။
နောက်ထပ်တော့ ဘယ်လိုသာမာန်လူမှ အနားကပ်ခွင့်မရတော့ပေ။

ဒီနေ့ဟာ သာမာန်နေ့တွေထက်ထူးခြားကာ ပွဲရေပိုများလို့နေတယ်။
မကြာသေးခင်ကမှ စစ်ရှုံးထားတဲ့ နိုင်ငံငယ်လေးက အရည်ချင်းရှိသုံ့ပန်းစစ်သည်များ၊ အနယ်နယ်အရပ်ရပ်က ဖမ်းမိထားတဲ့ သားရဲများအပြင် ဝမ်ရိပေါ်တို့လို အလွတ်လာယှဥ်ပြိုင်သူများလည်း ရှိနေ
တယ်။

ပထမဆုံးပွဲစဥ်အနေနဲ့ သုံ့ပန်းများနဲ့ သားရဲများကိုတိုက်ခိုင်းခဲ့တယ်။ အချိန်အကြာကြီး ဖမ်းဆီးချုပ်နှောင်ခံထားရလို့ ဒေါသထွက်နေတဲ့သားရဲတွေကို စိတ်ဖြေပေးတဲ့အနေနဲ့ အစာကျွေးတဲ့ သဘောမျိုးပါပဲ။
လူ့အသက်တွေဟာ တန်ဖို့မဲ့ကစားစရာများသဖွယ်။
အော်ဟစ်လို့ ကူပါကယ်ပါအော်နေလည်း အသုံးမဝင်ပါ။
နောက်စစ်ရှုံးနိုင်ငံမှ စစ်သားများနဲ့ စစ်ကျင်းတို့အဖွဲ့တိုက်ကြရတယ်။ စစ်ကျင်းတို့အဖွဲ့ကို သာမာန်လူသားတွေကဘယ်မှာနိုင်လိမ့်မလဲ။
နောက်တစ်ပွဲကတော့ စစ်ရှုံးနိုင်ငံက စစ်သူကြီးနဲ့ဝမ်ရိပေါ်ကို ကွင်းထဲထည့်ကာ ကိုးတောင်ကျား၊ လူဝံတို့နဲ့တိုက်ခိုင်းခြင်းပင်။ လူသားတစ်ယောက်အတွက်ဆိုပါမူ အတော်လေးရက်စက်ရာ မကျပေဘူးလား။

ဝံပုလွေတို့ရဲ့ဧကရာဇ် Where stories live. Discover now