ရိပေါ်သတိရလာတဲ့အချိန်မှာ သူ့ရှေ့မှာ ဟင်းလင်းပြင်ဖြစ်နေတဲ့ မိုးသားကောင်းကင်ကြီးကို တွေ့နေရတယ်။ ပြီးတော့ သူကခုံတစ်လုံးပေါ်မှာ သက်တောင့်သက်သာ အိပ်ပျော်နေခဲ့တာ။
"အရှင်....အရှင်သတိရလာပြီလား''
ရှန်းရဲ့ခေါ်သံကြောင့် ဘေးဘီဝဲယာ လှည့်ပတ်ရှာမိတယ်။ ရိပေါ်ခုံရဲ့နောက်မှာ လူအုပ်ကြီးရှိနေတယ်။ ထိုလူအုပ်ရဲ့ အစွန်အဖျားမှာ ရှန်းကို့စစ်သေနာပတိချုပ် သြဂတ်စ်က ထိန်းချုပ်ထားလို့ ရှန်းကသူ့ကိုအော်ခေါ်ရင်း ရုန်းကန်နေရှာတယ်။ ဒီဘက်မှာတော့ အင်ပါယာအရှင်နဲ့ လူအုပ်ကြီး။ သူတို့ပုံစံက တရားစီရင်မှုတစ်ခုကို လာကြည့်နေသလို။
"အရှင်....ရှန်းအသုံးမကျဘူး....ကျွန်တော်သေသင့်ပါတယ်....အရှင် အဟင့်''
ရှန်းဘာကြောင့် မျက်ရည်တွေကျနေလည်း
ရိပေါ်မသိပါ။ မူးဝေနောက်ကျိနေတဲ့ခေါင်းကို ခနတည်ငြိမ်အောင် မျက်လုံးတွေမှိတ်ကာ စိတ်ကိုစုစည်းရတယ်။ အားလုံးကို အစီစဥ်တကျ မှတ်မိသွားချိန် ဦးနှောက်ဟာ အုံးခနဲ ပေါက်ကွဲသွားလို့။"ရှောင်းကျန့်''
"မင်းရဲ့ရှောင်း ရှိပါတယ်''
ရိပေါ်အသံကို ကြားသွားတဲ့ အင်ပါယာအရှင်က. ရှေ့ကိုလက်မြှောက်ပြလာတယ်။
သူညွှန်ပြရာ လိုက်ကြည့်ရင်း ရှန်းဘာကြောင့် ငိုနေလဲ သဘောပေါက်သွားသလိုပဲ။ နက်ရှိုင်းတဲ့ ခြောက်ကမ်းပါးအပေါ်မှာ သစ်သားလှောင်အိမ် နှစ်ခုကို ယှဥ်လျှက်ချိတ်ဆွဲထားတယ်။ တစ်ခုကသူ့ရဲ့ရှောင်းကျန့်၊ ရှောင်းကျန့်က လှောင်အိမ်ထဲကနေ သူ့ကိုကြေကွဲစွာ ကြည့်နေတယ်။နောက်တစ်ခုမှာက စစ်ကျင်း၊ယိုအာနဲ့ လက်ရွေးစင်ရှစ်ယောက်။ သူတို့ကလည်း ရိပေါ်ကို ကြေကြေကွဲကွဲ ကြည့်နေတာပါပဲ။ ယိုအာကသူ့ဗိုက်ကလေး ထိန်းကိုင်ထားရင်း ငိုနေရှာတယ်။
ရိပေါ်စိတ်ထဲကို ဆိုးဝါးတဲ့ခံစားချက်တွေ စုပြုံတိုးဝင်လာတယ်။တစ်ပြိုင်တည်းမှာပဲ စစ်သားအချို့က ရိပေါ်ကို လာရောက်ချုပ်ကိုင်လိုက်တယ်။
"ရှောင်းကျန့်.......မင်းတို့ဘာလုပ်တာလဲ
လွှတ်စမ်း ငါ့ကိုလွှတ်ကြ....ပြီးမှ ငါ့အဆိုးမဆိုနဲ့နော်''
YOU ARE READING
ဝံပုလွေတို့ရဲ့ဧကရာဇ်