ရှောင်းပြန်အလာကို ရင်ခုန်စွာနဲ့ဟာနာ စောင့်နေမိတယ်။ သူမပေးလိုက်တဲ့ လက်ဆောင်ပစ္စည်းဟာ မြို့တစ်မြို့စာ ဝယ်နိုင်လောက်အောင် တန်ဖိုးကြီးမားတာမို့ အစ်ကိုတော်သာသိရင် သူမသတ်ခံရနိုင်တယ်။ ဒါပေမယ့် သူမရဲ့တန်ဖိုးထားမှုကို သူရဲကောင်းကိုလည်း သိစေချင်သေးတယ်။
"ရှောင်း''
နန်းတွင်းဝင်လာတဲ့ ရှောင်းရဲ့မျက်နှာက မကြည်သာပါ။ သူမက သိချင်တာကိုပဲ အရင်မေးမိတယ်။
"ဟာနာပေးလိုက်တဲ့ လက်ဆောင်ကို သူသဘောကျရဲ့လားဟင် ''
ရှောင်းကျန့်က သူမရှေ့မှာ ရုတ်ချည်းဒူးထောက်လိုက်ကာ တောင်းပန်လာလေတယ်။
"ကျွန်တော့်ကို အပစ်ပေးပါမင်းသမီး ကျွန်တော်အောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး ''
"ရပ်လိုက်ပါရှောင်းရယ် ဒူးထောက်စရာမလိုပါဘူး.ရှောင်းအပစ်မှ မဟုတ်တာ...သူသဘောမကျဘူးတဲ့လားဟင်... ဟို ဟာနာကို ငြင်းလိုက်တာလား''
ရှောင်းကျန့်မှာ ပြောရခက်ပါတယ် ဟိုကအပြတ်ငြင်းလိုက်တာ မဟုတ်ပဲ ဆုံးဖြတ်ချက်ကို သူ့ဆီလွှဲချခဲ့တာသာဖြစ်တယ်။ အင်ပါယာအရှင်လို လူမျိုးကိုတောင် ရင်မခုန်ခဲ့တဲ့သူ့နှလုံးသားက ဒီလူကိုမှ။ ဒီလူနဲ့မင်းသမီးကို အတူယှဥ်တွဲမမြင်နိုင်တာလည်း သူသာဖြစ်နေတယ်။
"ရှောင်းလည်း နားပါတော့..... ဟာနာကံပေါ့.... နောက်ဆုံးကြိုးစားမှုအဖြစ် အစ်ကိုတော်ဆီမှာ အကူညီတောင်းပြီး ကိုယ်ရံတော်အဖြစ် အနားမှာထားမယ်....တဖြည်းဖြည်း သဘောကျလာတန်ကောင်းပါရဲ့''
ရှောင်းကျန့်ကို ဝုန်းခနဲဆောင့်တွန်းလိုက်သလို စကားလုံးတွေက လန့်ဖြတ်သွားစေတယ်။
ဟင့်အင်း နန်းတွင်းမဝင်ရဘူး သူမှခွင့်မပြုနိုင်တာ။"မသင့်တော်ပါဘူး မင်းသမီး အနားမှာထားဖို့ မသင့်တော်တဲ့ သားရဲတစ်ပိုင်းအမျိုးအစားပါ...ခန့်မှန်းလို့မရ၊ ထိန်းချုပ်ဖို့ခက်တာမို့ မလုပ်သင့်ပါဘူး''
သူမရဲ့မျက်နှာပေါ် ပြိုတော့မယ့်မိုးလို ငိုမဲ့မဲ့လေးနဲ့....
![](https://img.wattpad.com/cover/354360175-288-k107979.jpg)
YOU ARE READING
ဝံပုလွေတို့ရဲ့ဧကရာဇ်