သာမာန်ထက် အအေးပိုတဲ့နေရာ အပေါ်ယံရေမျက်နှာပြင်တစ်ချို့ အေးခဲကာနေတယ်။ ဝမ်ရိပေါ်က ရေခဲမြစ်ထဲကို တစ်ချက်ငုံ့ကြည့်ကာ အပေါ်ရုံလွှာလေးချွတ်ချခဲ့ပြီး အတုံ့ဆိုင်းမရှိ ခုန်ချလိုက်ပါတော့တယ်။ အသားထဲကိုအပ်ကလေးတွေနဲ့ဆွနေသလို အေးစိမ့်မှုက တစ်ကိုယ်လုံးဆီပျံ့နှံ့လာတယ်။ ရေခဲပြင်အောက် ရေစီးအတိုင်းမြောပါသွားတဲ့ ရှောင်းကျန့်ကို ခက်ခက်ခဲခဲဆွဲထုတ်ခဲ့ရပြီး အပေါ်ကိုရောက်လာတယ်။ လေတစ်ချက်တိုက်လိုက်တိုင်း အသားထဲကိုအပ်အချောင်းပေါင်းများစွာ ပြေးစိုက်နေသလိုခံစားရစေတယ်။
မီးပုံရဲ့တဖျစ်ဖျစ်တောက်လောင်နေတဲ့အသံ ပြီးတော့ သူ့အဝတ်တွေဆွဲချွတ်ခံနေရတယ်ဆိုတဲ့ အသိနဲ့အတူ ရှောင်းကျန့်သတိဝင်လာတယ်။ ဆွဲချွတ်နေသူရဲ့ကိုယ်ပေါ်မှာလည်း ဘာအဝတ်မှမရှိ ။
"မင်း....မင်းဘာလုပ်တာလဲ....လွှတ်စမ်း''
"မင်းသတိရလာပြီပဲ''
ရှောင်းကျန့်သတိရလာမြင်တော့ နဖူးလေးနဲ့လက်ဖျားလေးတွေကို လာစမ်းတယ်။
သူပုံစံကတည်တည်ငြိမ်ငြိမ်နဲ့ ခုမှပဲစိုးရိမ်ပူပန်မှုတွေ လျော့ကျသွားသလို။သူ့အဝတ်တွေကို ခပ်တင်းတင်းပြန်ဆွဲဆုပ်ထားတဲ့ ရှောင်းကျန့် လက်ပေါ်အုပ်ကိုင်ကာ လေသံအေးအေးနဲ့....
"အဝတ်တွေရေစိုနေတယ်လေ ဒီအအေးဓာတ်နဲ့ ချွတ်မထားရင် မနက်ထိတောင်အသက်ရှင်မှာ မဟုတ်ဘူး.... ပြီးတော့ဒဏ်ရာရထားလို့ ကိုယ်တို့နှစ်ယောက်လုံး ဝံပုလွေပုံမပြောင်းနိုင်ဘူး.... အဲတော့ အနွေးဓာတ်ရစရာက ဒီနည်းပဲရှိတယ်.....မဟုတ်မှ. ကိုယ့်ကိုရှက်နေတာလား''
ဘာမှမဟုတ်သလို သူနဲ့မျက်လုံးချင်းဆိုင်ပြီး မျက်လုံးလေးတွေ ပြူးကျယ်ဝိုင်းစက်နေအောင်ကြည့်ကာဆိုလာတော့ ရှောင်းကျန့်မှာမျက်နှာတွေရဲလာကာ....
"မင်းရောငါရော ယောက်ျားတွေပဲ ဘာကိစ္စရှက်ရမှာလဲ''
"အဲတာဆိုအကောင်းဆုံးပဲ''
စကားဆုံးတာနဲ့ ဝမ်ရိပေါ်က ရှောင်းကျန့် ဘေးဝင်လှဲလိုက်ပြီး သူ့ကိုယ်လုံးလေးကို စွေ့ခနဲနေအောင် ရင်ခွင်ထဲဆွဲသွင်းလိုက်တယ်။ ပြီးတော့ ရေမစိုပဲကျန်တဲ့ တစ်ထည်တည်းသော အပေါ်ရုံလေးကို နှစ်ယောက်သားအပေါ် လွှမ်းခြုံလိုက်ပါတော့တယ်။
YOU ARE READING
ဝံပုလွေတို့ရဲ့ဧကရာဇ်