စိုထိုင်းထိုင်း အောက်သိုးသိုးအနံ့တစ်မျိုး
နှာခေါင်းထဲတိုးဝင်နေတယ်။
တစ်ကိုယ်လုံး ကိုက်ခဲနေတာကိုပါ သတိပြုမိတော့ မျက်ခုံးတန်းတို့ တွန့်ကွေးလို့။ အားယူကာ မျက်လုံးတွေဖွင့်ကြည့်မိတယ်။ မြေအောက်ခန်းတစ်ခုဖြစ်ပုံရကာ မည်းညစ်ညစ်နံရံပေါ်မှ ရေစက်အချို့စီးကျနေပြီး ဘေးပတ်လည်မှာ ဒဏ်ရာရလူအချို့လဲလျောင်းနေတာလည်းတွေ့ရတယ်။
တစ်ချို့ကသွေးထွက်ဆဲ၊တစ်ချို့ကပြည်တွေတောင်တည်နေပြီ။ ဘယ်လိုနေရာမျိုး ရောက်နေတာလဲ။
သူမသေသေးဘူးပေါ့။
ပြီးတော့ ပထမဆုံးသတိရမိတာက သူ ။"အရှင် သတိရလာပြီ....တော်ပါသေးရဲ့ မြန်မြန်နေကောင်းအောင်လုပ်ပြီး ဒီလိုအောက်တန်းကျတဲ့နေရာက ထွက်ရအောင်''
မျက်နှာသေဖြစ်နေတဲ့ ဝမ်ရိပေါ်ရဲ့မျက်နှာကိုကြည့်ကာ စစ်ကျင်းကတော့ အားတက်သရောပြောလို့။ သူ့မှာသာ မကောင်းတဲ့မှန်ဉာဏ်ထဲက ရုန်းမထွက်နိုင်။
"စစ်ကျင်း သူ ငါ့ကိုမမှတ်မိဘူး''
စစ်ကျင်းရဲ့တက်ကြွနေတဲ့ စကားသံတို့ တိတ်ကျသွားတယ်။ စိတ်မကောင်းခြင်းတို့မပေါ်အောင် မျက်နှာကိုထိန်းလျှက်။
"အရှင်မ.....သူ. သူဘာတွေကြုံတွေ့ခဲ့ရလဲ မသိနိုင်ဘူးလေ''
"ငါသိတယ် သူ့ကိုအပစ်တင်နေတာ မဟုတ်ပါဘူး ငါ့ကိုမမှတ်မိလို့ ငါခံစားနေရတာ ....
တကယ်ဆို သိပ်အကြာကြီးလည်းမဟုတ်သေးဘူးလေ လူမမြင်ရရင်တောင် အနံ့နဲ့တင်မှတ်မိနေရမှာ မဟုတ်ဘူးလား''"တစ်ခုခု... တစ်ခုခုကြောင့်နေမှာပါအရှင် အချိန်တွေရှိပါသေးတယ်....အရှင်မပြန်မှတ်မိအောင် ကြိုးစားကြတာပေါ့..အခုလောလောဆယ်.ကျွန်တော်တို့ ကျွန်ဘဝရောက်နေပြီ''
အရှင်က ဘာစကားမှထပ်မပြောတော့ပဲ မည်းညစ်နေတဲ့နံရံကိုသာ မော့ကြည့်နေတယ်။ သူ့စိတ်ထဲချစ်ရသူရဲ့ မေ့ပျောက်သွားမှုကသာ ကြီးစိုးနေပုံရတယ်။ သူတို့နယ်မြေရဲ့အရှင်တစ်ပါးအနေနဲ့ သူတစ်ပါးလက်အောက် ကျွန်ဘဝရောက်နေရတာကိုလည်း သတိမူအားပုံမရပါ။ ကျွန်နဲ့အရှင်သခင်ဆက်ဆံရေးကို မနှစ်သက်တဲ့အရှင်ဟာ သူ့နယ်မြေမှာ ဒီပုံစံကိုရှင်သန်ခွင့်မပေးခဲ့ပါ။ သူတို့တွေကံကောင်းခွင့်ရခဲ့ကြပါတယ်။ ခုတော့လည်း....
YOU ARE READING
ဝံပုလွေတို့ရဲ့ဧကရာဇ်