ဝမ်က ကောင်ချောလေးကို ကြင်ကြင်နာနာလေး တွဲခေါ်ရာကနေ ပွေ့ချီကာ ခြေလှမ်းမှန်မှန်နဲ့ ထွက်သွားတယ်။ ကောင်ချောလေးကလည်း ဝမ့်ရင်ခွင်မှာ ခေါင်းလေးမှီကာ လိမ်လိမ်မာမာလေး လိုက်သွားတာ ခုနက သူတို့ကို အသက်ထွက်မတတ် ကြောက်လန့်စေခဲ့တဲ့ ဝံပုလွေကြီး မဟုတ်ခဲ့သလို။
နတ်သားတမျှ ချောမောလှပတဲ့ ကောင်ချောလေးနဲ့ ဝမ်ကဘယ်လိုများ ပတ်သက်နေလဲမသိ။
"နေ နေဦးလေ''
"သူငါတို့ကို မေ့သွားတာလား''
ဘေးနားကလူမှ
"သွားပါစေ သူတို့ဘယ်လောက်တောင် လွမ်းနေလိုက်မလဲ....ခင်ဗျားတို့က အရှင်ခေါ်လာတဲ့လူဆိုမှတော့ ကျွန်တော်တို့က ဧည့်ဝတ်ကျေအောင် ဧည့်ခံမှာပါ''
အရှင်ဆိုတာက သူတို့ကိုးကွယ်တဲ့ နတ်တစ်မျိုးလား။ အဲဒီအရှင်က သူတို့ကို ဒီလောက်ရောက်အောင် လမ်းပြခေါ်ဆောင်ပေးခဲ့တာလို့ ပြောချင်တာလား။ ဘာပဲဖြစ်ဖြစ် သူတို့အသက်မသေပဲ စားစရာရရင် မဆိုးပါဘူးလေ။
.
.
.
ဘယ်လောက်တောင် ပင်ပန်းလာလဲမသိ အရှင်က ရေခဲနန်းဆောင်ရောက်တာနဲ့ တစ်နေ့လုံး အိပ်ပစ်လိုက်တာ။ ရှောင်းကျန့်မှာ ဘယ်ချိန်နိုးလာမလဲ စောင့်နေရင်း တစ်နေလုံး ကုန်သွားတယ်။ လူပုံစံကို ကြည့်တာနဲ့ ခရီးဝေးကလာခဲ့ရမှန်း သိပ်သိသာတယ်။ ဒီရောက်ပြီဆိုတော့ စိတ်ချလက်ချ အိပ်လိုက်ပုံရတယ်။ဘာပဲဖြစ်ဖြစ် ပြန်လာတာနဲ့တင် ရှောင်းကျန့်မှာ ကျေနပ်နေရပြီ။ရိပေါ်နိုးလာတာနဲ့ သူ့ရှေ့မှာ အိပ်ယာပေါ် တစ်တောင်နဲ့ထောက်ပြီး လက်ဖဝါးထဲမှာ မျက်နှာလေးကို ပင့်မကာ သူ့ကိုပြုံးကြည့်နေတဲ့ မျက်နှာလှလှလေးကို တွေ့လိုက်ရတယ်။တစ်ချိန်လုံး ကြည့်နေခဲ့တာများလား။
"ဒီမျက်နှာက ဘယ်လိုဖြစ်နေတာလဲ ခုမှအသက်ပြည့်ကာစ ကလေးကို မြှူဆွယ်နေတာလား''
ရှောင်းကျန့်က မချိုမချဥ်ပြုံးလိုက်ကာ
"အင်း မြှူဆွယ်နေတာမို့ ရှောင်နိုင်အောင် ရှောင်တော့နော်''
"မရှောင်ချင်ပါဘူး ရှောင်ရမှာ ပျင်းတယ်''
ရိပေါ်ရဲ့ ခပ်ညစ်ညစ်စကားကို
ရှောင်းကျန့်က ဂရုမစိုက်ပါဘူး။ အပြုံးလေးနဲ့ ထရပ်လာပြီး
YOU ARE READING
ဝံပုလွေတို့ရဲ့ဧကရာဇ်