Ep.8(uni)

1.1K 70 19
                                    

.ဒေါက်...ဒေါက်....

"ဒီကောင်လေး လေအို သစ်ပင်ပေါ်တက်နေပြန်ပြီထင်တယ် ပြုတ်ကျမယ်ပြောလည်းမရဘူး....ဟမ် မဟုတ်သေးပါဘူး လေအိုမှမရှိတော့တာ ''

အရီးတော်ဗီနာနေတဲ့ ဒုတိယမြောက်အထပ် ပြတင်းပေါက်ဘေးထိရောက်အောင် ကြီးမားတဲ့သစ်ပင်ကြီးရှိတယ်။
အရွက်သေးသေးလေးတွေနဲ့ ကိုင်းတက်တွေ အသေးဆုံးလေးတွေထိ ခိုင်ခံနေတဲ့ ဒီသစ်ပင်ကြီးပေါ် လေအိုအမြဲတက်ဆော့နေကျ ။ ပြီးရင်သူမအခန်းတံခါး လာခေါက်မယ် သူမလန့်သွားရင် ကလေးတစ်ယောက်လို ပျော်နေတတ်တာ။
ပြုတ်ကျမှာစိုးလို့ သူမမှာ ရင်တမမနဲ့။
အသက်ကြီးလှပြီဖြစ်တဲ့ အရီးတော်ကို စိုးရိမ်ထိတ်
လန့်မှုတွေ မပေးဖို့ ပြောပေါင်းလည်းများလှပြီ ဒါကိုပင် သင်းလေးက ပျော်နေရှာတာ။ ဒါပေမယ့် လေအိုကသူမတံခါးကို မခေါက်နိုင်တော့ပါဘူး အရှင်ရိစ်က စွန့်ပစ်လိုက်ပြီလေ။ အကျင့်ပါနေတဲ့စိတ်ကြောင့် တံခါးဖွင့်မိတော့မလို့ ဒါကပိုထိတ်လန့်ဖို့ ကောင်းတယ်မဟုတ်လား။

"အရီးတော်....ကျွန်တော်ပါ တံခါးဖွင့်ပေးပါဦး''

"ဟဲ့ ဘယ်သူတုန်း ဘယ်ကကျွန်တော်လည်း''

"လေအိုပါ''

"ဟယ် မဟုတ်နိုင်တာ ငါ့ကိုမညာနဲ့''

ကျွီ...

ပါးစပ်ကဘယ်လောက်ပဲ မဟုတ်ဘူးပြောပြော လက်ကဖွင့်မိနေပြီ။

ဘုတ်.

ဘုတ်ခနဲခုန်ဆင်းလာတဲ့ ကောင်လေးက အရီးတော်လို့ခေါ်ကာ သူမကိုပြေးဖက်တယ်။ အရှိန်မထိန်းနိုင်တဲ့သူမက ကုတင်ပေါ်ဖင်ထိုင်လျက် ပြုတ်ကျသွားတယ်။

"မဟုတ်မှ လေအိုအစစ်လား ဘယ်လိုကဘယ်လိုရောက်လာတာလဲ မှန်းစမ်း မျက်နှာလေး ပြပါဦး မင်းအဆင်မှပြေရဲ့လား''

"လေအိုအစစ်ပါအရီးတော် ကျွန်တန်းလျားမှာရောက်နေပေမယ့် လူကောင်းတွေနဲ့တွေ့တာမို့ အဆင်ပြေပါတယ်''

"ဘာလို့ ဒီကိုခိုးဝင်လာတာလဲ အရှင်သိရင် ပြဿနာတက်ကုန်မယ်''

"သိချင်တာလေးရှိလို့ အရီးတော်....
ဖြေပေးမယ်မှတ်လားဟင်''

သူမရင်ထဲ ထိတ်ခနဲတုန်လှုပ်သွားတယ် ရင်ဘတ်လေးဖိရင်း ဘာများလဲလို့မရဲတရဲမေးရတယ်။

ဝံပုလွေတို့ရဲ့ဧကရာဇ် Where stories live. Discover now