1

24.5K 635 6
                                    

Unicode

လက်ပံ ရွာဆိုတဲ့ နာမည်နှင့်မလိုက်အောင် ရွာတွင် ကုက္ကိုလ်ပင်များသာရှိလေသည်။လက်ပံရွာသည် စပါးစိုက်ခြင်းကိုသာ ယခုအချိန်ထိ အသက်မွေးဝမ်းကြောင်းပြုကြလေသည်။အသက်ကြီးသည့် အဖိုး၊အဖွားများစွာရှိပြီး ယခုတိုင် ရှေးရိုးစွဲကြတုန်းဖြစ်သည်။
ထက်ရှားသည် အသက် 23နှစ်အရွယ် ကောင်လေးတစ်ယောက်ဖြစ်ပြီး မောင်နှမ သုံးယောက်ရှိကာ ထက်ရှားမှာအကြီးဆုံးဖြစ်သည်။ထက်ရှား၏မိဘများသည် ရှေးရိုးစွဲကြသည်မှန်သော်လည်း သားဖြစ်သူကြောင့် မျက်လုံးစုံမှိတ်ကာနေလာကြသည်။ထက်ရှားသည် အရပ်ငါး‌ပေ‌လေးလက်မရှိပြီး အသားညိုညက်ညက်နှင့် ၊ မျက်နှာသည် ရွက်ကျန်းရေကျို သာရှိသည့် သာမာန်ကောင်လေးတစ်ယောက်ဖြစ်သည်။

လက်များသည် တစ်ချို့အလုပ်ကြမ်းများကြောင့် အသားမာများတောင်ရှိနေပါသေးသည်။ထက်ရှားတွင် မိဖြူဟုခေါ်သည့် သူငယ်ချင်းမလေးတစ်ယောက်သာရှိ‌လေသည်။

ထက်ရှားသည်လိင်တူကြိုက်နှစ်သက်သည့် ဂေးတစ်ယောက်။ ဂေးတစ်ယောက်ဆိုသော်ညား ထက်ရှားကြိုက်နေသည်မှာ ရွာထဲရှိ ယောင်္ကျားတစ်ယောက်လို့ပြောလျှင် ပိုမှန်ပေလိမ့်မည်။

ရွယ်တူများကြားတွင် အထင်သေးသည့်အကြည့် ရွံရှာသည့်အကြည့်များကိုတစ်ခါတစ်ရံတွေ့သော်ညား ထက်ရှား ဥပေက္ခာပြုထားလိုက်သည်။ သူတို့ထမင်း ထက်ရှား စားနေရသည်မဟုတ်။

မကြာ မကြာ ထက်ရှားသဘောကျနှစ်သက်ရသည့် ကိုကျော်စွာထံမှ အခြောက်ဟုခေါ်ကာ စနောက်ခံ‌ရသည်။ချစ်ရသူ လူသားမလို့ ထက်ရှားအပြစ်မမြင်ရက်ပါ။ ကိုယ်တိုင်က ထိုလူ့ကို သဘောကျနေခြင်းမဟုတ်လား။

ထက်ရှား၏စိတ်နှင့် ဝတ်ပုံစားပုံသည်သည် မိန်းကလေးပုံစံ မဟုတ်ပဲ ယောင်္ကျားလေးတစ်ယောက်ပုံစံသာဖြစ်သည်။ လိင်စိတ်တိမ်းညွှတ်မှုသာ မသိကြလျှင် ထက်ရှားဟာ တကယ့်ယောင်္ကျားလေးစစ်စစ်တစ်ယောက်။

ထက်ရှား၏ဖခင်သည် သူ့သားကို ယောကျာ်းပီပီသသနေစေချင်သည်။အခြားလူများရှေ့တွင် စနောက်ခံရပြီးရွယ်တူများရှေ့တွင် အလှောင်ပြောင်ခံနေရတာ မိဘတစ်ယောက်အနေဖြင့် မည်သို့မှ ရင်ထဲမခံစားနိုင်။

ကိုယ့်ရဲ့ ရှား Where stories live. Discover now