Unicode
ကျော်စွာ့ စိတ်ထဲဟိုတွေးဒီတွေးဖြင့် အိပ်မပျော်ပေ။ကျော်စွာ သည် တစ်ဦးထဲသော သားဖြစ်သည့်အလျှောက်အနည်းငယ်တကိုယ်ကောင်းဆန်သည်။
အရက်မသောက်သည့် အချိန်သည် သဘောကောင်းစမြဲဖြစ်လေသည်။အရပ် 6ပေလောက်ရှိပြီး ရုပ်မချောသော်လည်း အဝတ်အစား သပ်သပ်ရက်ရက် ဝတ်တတ်စားတတ်တာကြောင့် ရွာထဲရှိ အပျိုများအဖို့တော့ လူချောလေးသာဖြစ်သည်။အရက်သောက်လျှင်လည်း အလွန်အကျွံ မသောက်တတ်။ကျော်ခေါင်ဆိုသည့် ဝမ်းကွဲအကိုဖြင့် မတည့်။ငယ်ငယ်ကဆို ရန်ခဏခဏဖြစ်လွန်းလို့ အတူတူမကစားခဲ့ရတာတွေလည်းရှိသည်။
နေ့လယ်က သူထက်ရှားကိုပြောခဲ့တာနည်းနည်းလွန်သည်ဟုကျော်စွာတွေးမိသဖြင့် ညဘက်အိပ်မပျော်နိုင်။သူ့အနေနဲ့ ထက်ရှားကို လူမှားကြောင်း ပြောချင်ပေမဲ့ ပြောပြီးသားကိစ္စမလို့ မပြင်ချင်တော့။
ထက်ရှားဆိုသည့်ကောင်လေးကလည်း သူ့လိုလူကို ဘာကြောင့် လာကြိုက်နေသလဲဆိုတာစဉ်းစားမရ။ထက်ရှားတို့ မိဘများသည် ပိုက်ဆံရှိကြသည်။ရွာထဲတွင် ထက်ရှားတို့ တစ်အိမ်တည်းသာ တိုက်ခံ အိမ်ဖြစ်သည်။ထက်ရှားသာ ယောကျာ်းစစ်စစ်ဖြစ်နေပါလျှင် ရွာထဲရှိ မိန်းကလေးတစ်ယောက်တော့ ရနိုင်မှာအမှန်ပဲ။ဘာကြောင့် ယောကျာ်း အချင်းချင်းမှ အဲကောင်လေးက သဘောကျနေလဲမသိတော့။
သူ့အနေနဲ့ သူငယ်ချင်းတွေဖြင့် လောင်းကစားရှုံးသောကြောင့် ကတိအတိုင်ထိုကောင်လေးကို တွဲခဲ့ရုံသာဖြစ်သည်။ထိုကောင်လေးအပေါ် ဘာစိတ်မှမရှိပေ။
***************
တစ်ဖက်က ထက်ရှားသည်လဲ ကျော်စွာ့နည်းတူ အိပ်မပျော်ပေ။ဘာအမှားမှ မလုပ်ပါပဲ စိတ်ဆိုးသွားတာကို သူဘယ်လိုလုပ်ရပါ့မလဲ။ကိုယ့်မှာ မိန်းကလေးလဲမဟုတ်တော့ ချွဲချွဲနွဲ့နွဲ့နဲ့ စကားမဆိုတတ်။ဘာမှမဟုတ်တဲ့ ကိစ္စလို့ ကိုယ်ကထင်နေပေမဲ့ သူ့အနေနဲ့ အရေးကြီးကိစ္စအဖြစ် ဖြစ်သွားလေသလား။
နှင်းဖြူသိမှာကြောက်လို့ ကိုယ့်ကို ဖုံးကွယ်စေချင်နေသလား မသိ။
ကျွန်တော့်မှာလဲ မာနဆိုတာရှိတယ် အကို။ဒါပေမဲ့ အကိုနဲ့တွေ့ရင် အဲ့မာနက အစရှာမရဘူး။အကိုသာ ကျွန်တော့်ကို ချစ်မယ်ဆို ကျွန်တော် ဘာမဆိုလုပ်မိမှာ။အာ့ကြောင့် အကို ကျွန်တော့်ကို မလှည့်စားဘူးလို့ထင်တယ်။

YOU ARE READING
ကိုယ့်ရဲ့ ရှား
Фэнтезиမင်းဟာ ကိုယ်ရုန်းမထွက်ချင်လောက်တဲ့ အမှားတစ်ခု။ ကျော်စွာ + ထက်ရှား ပထမဆုံးဖန်တီးမှု။ Short story