8

8.1K 374 7
                                    

unicode

ထက်ရှား ညနေပိုင်း လယ်ထဲတွင် သွားအိပ်ရန်ထွက်လာလိုက်သည်။စပါးတွေ အကုန်ရိတ်ပြီးခါစ မလို့ မနက်ဖြန်ဆို ရောင်းလို့ရပြီ။စပါး ရောင်းပြီးလျှင်တော့ လယ်ထဲ သွားအိပ်စရာမလိုတော့။ထက်ရှား လယ်ထဲ ရောက်တော့ ပတ်ဝန်းကျင်မှာ အနည်းငယ်သာ အလင်းရောင်ရှိတော့သည်။ဒီလတော့ သူတို့လယ်ထဲ စပါးအထွက်တိုးသည်။စပါးရောင်းပြီကာမှ အမေ့ဆီမုန့်ဖိုးကပ်တောင်းရမည်ဟု ထက်ရှား စိတ်ထဲ တေးမှတ်ထားလိုက်သည်။

စပါးက မရောင်းရသေးပဲ ပုံထားတာမလို့ စပါးပုံကို နှင်းကျမည်ဆိုးတာကြောင့် လုံခြုံအောင် ဖုံးထားပြီး စပါးပုံဘေး ထိုင်ကာ ဘာရယ်မဟုတ် မှောင်ရီပျိုးစအချိန်မှာရှိနေသည့် လယ်ကွင်းတွေကို ကြည့်နေလိုက်သည်။

“ရှား”

ရုတ်တရက်ဆန်စွာ ထွက်ပေါ်လာသည့် အကို့အသံကြောင့် ထက်ရှား အနည်းငယ်လန့်သွားရသည်။

“ဟင် အကို”

အကိုသည် ဘယ်မှရောက်လာသလဲမသိ။ ထက်ရှားအနားတွင် ထိုင်ကာ ထက်ရှားကို‌ပြုံး၍ကြည့်နေသည်။

“ရှား ကိုယ် ဟိုကောင်မလေးကို ဖျက်လိုက်ပြီသိလား”

“ဟို ကျွန်တော်ကြားပါတယ်”

ထက်ရှား ခေါင်းငုံ့၍ မရဲတရဲဖြေလိုက်သည်။ အမှန်ဆို အကို့ကို ထက်ရှား သိပ်မယုံရဲသေး။

“ရှား ကိုယ်တော်တယ်မလား”

“ဗျာ ၊ ဟုတ် တော်တယ်”

သူ့ကိုယ်သူ ကလေးတစ်ယောက်လို ဂုဏ်ယူဝင့်ကြွားစွာ ပြောလာတဲ့ အကို့ကိုကြည့်၍ ထက်ရှား နှုတ်ခမ်းထပ် အနည်းငယ်တော့ ပြုံးယောင် သမ်းသွားရသည်။

“ရှား ကိုယ်အရက်ဖျက်လိုက်ရမလား”

“ဟင်”

ထက်ရှား အံ့ဩသလိုပုံစံဖြင့် ဘေးမှာ လာထိုင်နေသည့် အကို့ ကိုလှည့်ကြည့်လိုက်သည်။ဒီလူက ကိုယ့်အတွက်နှင့် သူငယ်ငယ်ကတည်းက သောက်လာသည့် အရက်ကို ဖျက်မယ်တဲ့လား။ဒီလူ့ပုံကြည့်ရတာ ဟန်ဆောင်နေသည့်ပုံလဲမပေါ်ခဲ့။

“ဟို အကို့သဘောပါ ၊ သောက်လည်း ကျွန်တော့်အတွက် ပြဿနာမရှိပါဘူး”

ကိုယ့်ရဲ့ ရှား Where stories live. Discover now