12

6.8K 321 8
                                    

Unicode

မဖြစ်နိုင်ပါဘူးဆိုသည့် အတွေးဖြင့် အကိုရှိသည့် လယ်ထဲလိုက်လာခဲ့သည်။

လွန်ခဲ့တဲ့ ရက်တွေက ထက်ရှားတို့ကိစ္စကြောင့် အကို လယ်ထဲမှာ သွားနေ နေရသည်ဟု သတင်းကြားသော်လည်း ထက်ရှားမှာ သွားတွေ့နိုင်ဖို့ အခွင့်အရေးမရခဲ့။

ဒီနေ့မှသာ အခွင့်အရေးရ၍ လက်ထဲတွင် အကို့အတွက် ထမင်းချိုင့်ဆွဲ၍ ထွက်လာခဲ့တာပင်။

မထင်မှတ်ပဲ နှင်းဖြူနှင့်တွေ့ပြီး ဒီစကားတွေ ကြားရမယ်ဟု မထင်ခဲ့။

တိုက်ဆိုင်စွာပင် အကို တို့ တဲ ထဲတွင် တာတီးတို့ရောက်နေလေသည်။သူတို့စကားသံ သဲ့သဲ့က ထက်ရှား လျှောက်လာသည့် လမ်းကတောင်ကြားရလေသည်။

ထက်ရှားလည်း နှင်းဖြူစကားသံတို့ ပြန်ကြားလာသောကြောင့် သိချင်စိတ်ဖြင့် တဲ ထဲမဝင်ပဲ တဲ အပြင်နားမှာသာ ‌နားထောင်နေလိုက်သည်။အနားရောက်တော့ တာတီးရဲ့အသံထွက်လာလေသည်။

"အဲ့တော့ မင်းက ဘယ်လိုလုပ်မလဲ"

"မသိသေးဘူး"

"မသိလို့ မရဘူးလေ၊ အဲ့ကောင်လေးကို စတွဲ ခါစက ငါတို့နဲ့ အရက်သောက်တာရှုံးလို့ဆိုတာ မှန်ပေမဲ့ ဒီလောက်ထိ မြဲမယ်ထင်မထားဘူး ၊ အခု မင်းအိမ်နဲ့တောင် အတိုက်အခံဖြစ်နေရပြီမလား"

"ငါလည်း အဲသလို ဖြစ်မယ်ဆိုတာ ကြိုမှ မသိတာ"

ဒါပေမဲ့ နောင်တတော့မရဘူး။ ဒါကိုတော့ သူ့စိတ်ထဲ၌သာ ပြောလိုက်သည်။

"သူ့ကို မြန်မြန်ပြတ်လိုက်လေကွာ ၊ ဘာပဲဖြစ်ဖြစ် ဂိမ်းရှုံးလို့ ဖြစ်လာတာပဲဟာ"

ထက်ရှား ထက်ပြောလာသော စကားသံတွေကိုမကြားချင်တော့သဖြင့် အိမ်သို့သာ ခပ်သွက်သွက်ပြန်လာလိုက်သည်။ညနေလည်းစောင်း မျက်လုံးမှာလည်း မျက်ရည်တွေဖြင့် ဝါးနေသောကြောင့် လမ်းတောင် ကောင်းကောင်းမမြင်ရတော့။အိမ်နားရောက်ခါနီးမှသာ မျက်ရည်တို့သုတ်ပြီး ပုံမှန်အတိုင်းပြန်နေလိုက်ရသည်။အဖေတို့အမေတို့ သိလို့မဖြစ်ပေ။

မီးဖိုထဲ အမေမသိအောင် ချိုင့်သွားလှယ်လိုက်ပြီး မူမပျက် မိမိအခန်းထဲသို့ ဝင်ရန်ဦးတည်သော အခါ အမေနှင့် အခန်းဝတွင် တိုးလေသည်။

ကိုယ့်ရဲ့ ရှား Where stories live. Discover now