9

7.8K 375 8
                                    

Unicode

ကျော်စွာ ငြိမ်နေသည့် ထက်ရှားကိုကြည့်၍ သူတောင်းဆိုမိတာ မှားပြီလားလို့တောင်တွေးမိသည်။တကယ်ဆို သူအရမ်းလိုချင်ပါသည်။ဒါပေမဲ့ ထက်ရှားသာ ဆန္ဒသာမပါလျှင် သူ့အနေနှင့် ထိမည်မဟုတ်။

"ရှား ကိုယ်ပြောတာက.."

"ကျွန်တော် အဆင်သင့်မဖြစ်သေးဘူး"

ခါးပေါ်မှာ ရောက်နေသည့် လက်သည် ချက်ခြင်း ပြန်ဆုတ်သွားကာ လေသံတိုးတိုးဖြင့် အကိုက သဘောတူဟန်ပြုသည်။

"အင်း"

ထက်ရှား အကို့ကို တစ်ချက်ကြည့်၍ နှုတ်ခမ်းသားတွေကို ဖိကိုက်ကာ စကားရှာမရဖြစ်နေမိသည်။ အကို စိတ်ဆိုးသွားမလားဟူသော အတွေးဖြင့် အကို့ကို ကြည့်လိုက်သော်လည်း ပုံမှန်သာဖြစ်သည်။

အကိုက ထက်ရှားကို မျက်လုံးဝေ့ကြည့်ပြီး ခေါက်အုံးစကို ကိုင်ထားသည့် ထက်ရှားလက်ကို ကိုင်၍ လက်ဖမိုးကို ခပ်ဖွဖွနမ်းလာရင်း

"ကိုယ်အလျင်မလိုပါဘူး ၊ ရှား သာ ခွင့်မပြုရင် ကိုယ် ဘာမှ လုပ်မှာမဟုတ်ဘူး"

"ကျေး...ကျေးဇူး ၊ ကျွန်တော် နည်းနည်း အတွေးလွန်ပြီး ကြောက်နေမိလို့"

"ရတယ် ၊ မင်းမကြိုက်ရင် ကိုယ်ဘာမှ လုပ်မှာမဟုတ်ဘူး"

"ဟုတ်"

"ကိုယ် ရှားကို လိမ်ထားတာသာ ရှိရင် ရှား ကိုယ့်ကို ခွင့်လွှတ်ပေးမှာလား"

အကို့အပြောကြောင့် ထက်ရှား အနည်းငယ်တော့ ရင်တုန်သွားရသည်။ အကို ဘာတွေ လိမ်ထားလေသလဲ။

"အကျိုးသင့် အကြောင်းသင့်ပြောပြမယ်ဆို ကျွန်တော်ခွင့်လွှတ်နိုင်လောက်တဲ့ အတိုင်းအတာအထိ ခွင့်လွှတ်ပေးပါ့မယ်"

"ကိုယ်က မင်းဆီက လွတ်လွတ်ကျွတ်ကျွတ်ပဲ ခွင့်လွှတ်တာ ခံချင်တာ"

"ဒါဆို အကိုက ကျွန်တော် ခွင့်မလွှတ်နိုင်လောက်အထိ မလုပ်နဲ့ပေါ့"

"အကယ်၍ ကိုယ်က လုပ်ပြီးပြီဆိုရင်ရော"

"ဒါဆိုရင် ဘာလို့ လုပ်ရသလဲဆိုတာ ပြောပြပြီး ကျွန်တော့်ဆီက ခွင့်လွှတ်မှု တောင်းခံရမယ်"

ကိုယ့်ရဲ့ ရှား Where stories live. Discover now