3

7.2K 348 3
                                    

Unicode

ထက်ရှားနှင့် ကိုကျော်စွာတို့နှစ်ဦး တွဲ‌နေသည်ဆိုသော သတင်းဟာ ရွာရှိလူငယ်တွေကြား တိုးတိုးတိတ်တိတ်ဖြင့် လူကြီးတွေမသိအောင် ပြောလာကြလေသည်။ထက်ရှား၏သတင်းကို မိဖြူကြားသွားသဖြင့် ယုံတောင်မယုံနိုင်ပေ။

သူ(မ)သူငယ်ချင်းသည် ဒီလောက်နှင်းဖြူနှင့် တွဲနေပါသည်ဆိုသည့် သတင်းထွက်နေပါရက် ထိုမကောင်းသည့် ကျော်စွာဆိုသည့်လူကို ဘာလို့ မငြင်းခဲ့ရတာလဲ နားမလည်တော့။တစ်ယောက်ထဲ တွေးနေတာထက် လူကိုယ်တိုင်သွားတာ ပိုကောင်းသည်ဟုတွေးကာ ကိုကျော်ခေါင်ဖြင့်တွေ့ရင်း ထက်ရှားတို့အိမ်သို့သွားရန်ပြင်လိုက်သည်။

"ဖေကြီး သမီးလေ ထက်ရှားဆီသွားလည်ဦးမယ်"

"သွား နေမစောင်းစေနဲ့ဦး မိဖြူ"

"ဟုတ်ကဲ့ ဖေကြီး"

သူ့သမီးကို ကြည့်လျက်ခေါင်းခါမိသည်။သမီးဖြစ်သူသည် အဘယ်ကြောင့် ဒီကလေး ထက်ရှားအပေါ် ခင်တွယ်နေလဲမပြောတတ်။တစ်ဖက်က ကလေး၏လိင်စိတ်တိမ်းညွှုတ်မှုကိုသာ မသိထားလျှင် မိဖြူနှင့်ကြိုက်နေသည်ဟုတောင် ထင်မိစေသည်။ထက်ရှားက စိတ်သဘောထားကောင်းသည့်ကလေးဖြစ်တာကြောင့် သူ့အနေနဲ့ ဘာမှ စိတ်မချစရာမရှိ။

_________

တစ်ဖက်တွင်

"ကိုကျော်စွာ"

"အင်း နှင်းဖြူပြောလေ"

"ရွာထဲမှာလေ ၊ ကိုကျော်စွာက ဟိုအခြောက်ကောင်ထက်ရှားကတွဲနေတယ်ဆိုတဲ့ သတင်းကြားလာရတယ်"

"ဟင် ဟုတ်လား ၊ ကိုကျော်စွာလဲ မသိရပါ့လား"

"ကိုကျော်စွာ ရှင်နော် ၊ မှန်မှန်ပြော ၊ တွဲနေတာလား"

"မဟုတ်ပါဘူးကွာ မတွဲရပါဘူး ၊ ကိုယ့်မှာ နှင်းဖြူလို ရည်းစားချောချောလေးရှိနေတဲ့ဟာ အဲ့ကောင် မလှမပကို ကြိုက်စရာလား"

"‌အာ့ဆို လှပနေရင် ကြိုက်မှာလား"

"ဟောဗျာ ကြံဖန်စိတ်ကောက်မနေနဲ့ ၊ အခုကိုယ်တို့ထိုင်နေတဲ့ကောက်ရိုးက အောက်ကအစိုဓာတ်ကြောင့် ပူတောင်လာသလိုပဲ"

ကိုယ့်ရဲ့ ရှား Where stories live. Discover now