13

8.2K 393 7
                                    


Unicode

ထက်ရှားတို့မနက်ပိုင်းပြန်လာတော့ နှင်းတောင်မကွဲသေး။၇နာရီ ဆိုတာ အရမ်းမစောပေမဲ့ နေတော့မပွင့်။ရထားဘူတာနှင့်ရွာကို တစ်နာရီလောက်လမ်းလျှောက်ရသေးသည်။အလာတုန်းကတော့ နွားလှည်းနှင့်မလို့ ကိစ္စမရှိပေမဲ့ အပြန်ကျ အရမ်းစောနေသေးတာကြောင့် လက်ပံရွာသားတစ်ယောက်မျှ မရှိသေး။

အိမ်ပြန်ရောက်တော့ အမေက မီးဖိုချောင်ထဲ ထမင်းချက်နေပြီး အဖေကတော့ အိမ်ရှေ့မှာ ရေနွေးထိုင်သောက်နေတာတွေ့ရသည်။ထက်ရှားနှင့် ကိုဥက္ကာပြန်လာတာမြင်တော့ အမေက ချက်ချင်းလုပ်လက်စတွေကိုထားခဲ့ပြီး အိမ်ရှေ့ထွက်လာလေသည်။

"သား မနေ့က ဘာလို့ပြန်မလာတာလဲ ၊ အမေစိတ်ပူနေတာ"

"မနေ့က ရထားလမ်းမှာ ကားတစ်စီးမီးလောင်နေလို့အမေ ၊အဲတာကြောင့် ပြန်မလာပဲ ကိုဥက္ကာရဲ့ အသိအိမ်မှာ ဝင်အိပ်လိုက်ကြတာ"

"ဟုတ်တယ် ဒေါ်လေးခင်"

"အေးအေး ၊ အဲတာဆိုလည်း သွားနားကြတော့လေ"

"ဟုတ်ကဲ့"×2

အဖေကတော့ ဒီတိုင်းသာကြည့်နေပြီး ဘာမှဝင်မပြော။

မှာလိုက်တဲ့ ပစ္စည်းတွေ ကိုဥက္ကာနှင့်အတူနေရာချပြီး အနားယူရန် အခန်းသို့ပြန်မလို့ပြင်လိုက်စဉ်

"ထက်ရှား ၊ ညနေကျ မိဖြူကိုခေါ်ပေးပါဦးနော် ၊ အကို ဒါလေးတွေ သူ့ကိုပေးချင်လို့"

"ဟုတ်ကဲ့ ၊ ညနေကျ ရွာထိတ်က ကုက္ကိုလ်ပင်မှာ ကိုဥက္ကာစောင့်နေ ၊ ကျွန်တော် မိဖြူကို ခေါ်လာခဲ့မယ်"

"အိုကေ ၊ အဲတာဆို အကိုသွားနားတော့မယ်"

"ဟုတ်ကဲ့"

ကိုဥက္ကာကို ခေါင်းငြိမ့်ပြ၍ မိမိအခန်းသို့ ပြန်လာခဲ့လိုက်သည်။

______________________________________
ညနေရောက်တော့ စီစဉ်ထားသည့်အတိုင်း ထက်ရှား မိဖြူတို့အိမ်သို့ရောက်လာလေသည်။

"ထက်ရှား ၊ မြို့ပေါ်သွားတာ ငါ့အတွက်ဘာဝယ်လာလဲ"

"ပါတယ်နင့်အတွက် ၊ အိမ်ကိုလိုက်ယူ ၊လာခေါ်တာအခု"

ကိုယ့်ရဲ့ ရှား Where stories live. Discover now