6

8K 388 10
                                    

Unicode

နောက်တစ်ရက် မနက်ခင်း ထက်ရှား လယ်ထဲမှ အိပ်ချင်မူးတူးပြန်လာကာ အိမ်တွင် ပြန်အိပ်နေလိုက်သည်။

"ထက်ရှားရေ ၊ ထက်ရှား"

"သမီး လာလေ၊ ထက်ရှားက လယ်ထဲက ပြန်လာထဲက အိပ်နေတာ မထသေးဘူး"

"ဟုတ် ၊ သမီးသွားနှိုးလိုက်မယ်နော် အရီးခင်"

မိဖြူ အိမ်ထဲဝင်လာတော့ ထက်ရှားတို့ အိမ်အရှေ့ခန်းတွင် လူတစ်ယောက်ထိုင်နေတာတွေ့လိုက်ရသည်။အသားဖွေးဖွေး မျက်ခုံးကောင်းကောင်းနဲ့ မလို့ ဒါ မြို့ကလာတဲ့ ကျောင်းဆရာ လေးဖြစ်လောက်သည်။မိဖြူလည်း သူနှင့် မဆိုင်တာမလို့ မမြင်ချင်ယောင်ဆောင်ကာ ထက်ရှား အခန်းဘက် ထွက်လာလိုက်သည်။

"ထက်ရှား ထတော့ သွားစရာရှိတယ်"

"အွင်း...ငါမျက်နှာမသစ်ရသေးဘူး ခဏစောင့်ဦး"

"အေး"

မိဖြူကို အခန်းထဲမှာ ခဏစောင့်ခိုင်းပြီး ထက်ရှား မျက်နှာသစ်ပြီး အခန်းထဲ ပြန်ဝင်လာလိုက်သည်။

"ကဲ ပြော ဘယ်သွားမှာလဲ အစောကြီး"

"ရွာ ကထိန် နီးပြီလေ ၊ အဲတာကြောင့် ဘေးရွာတွေ အလှူလိုက်ခံကြမလို့"

"ငါ သွားရင် ရပါ့မလား"

ကိုယ်တိုင်က အပေါင်းအသင်းဆို မိဖြူသာ ရှိပြီး အခြားလူငယ်တွေကြား ဝိုင်းဖယ်ထားခံရသူမလို့ စိုးရိမ်စိတ်တော့ အနည်းငယ်ရှိပါသည်။

"ဘာလို့ မရ ရမှာလဲ"

"နေပါဦး အလှူက နင်တို့အိမ်က 'မ' တည် တာမလား"

"အေးလေ၊ နင်လိုက်မယ်မလား ခဏနေ ငါတို့အိမ်လာခဲ့နော်၊ မဟုတ်သေးပါဘူး အခု တစ်ခါတည်း လိုက်ခဲ့"

"အဲတာဆို အပြင်ထွက်တော်မူဦး အမတော်၊ ကျွန်တော်မျိုး အဝတ်အစား လဲဦးမယ်"

"အေးပါဟဲ့"

_________
ထက်ရှား အဝတ်အစားလဲကာ အပြင်ထွက်လာတော့ အိမ်ရှေ့တွင် ကိုဥက္ကာနှင့် အမေထိုင်နေတာ တွေ့ရသည်။အမေ့ ဘေးတွင် မိဖြူထိုင်နေသည်။ကိုဥက္ကာ ၏ မျက်လုံးများသည် မိဖြူထံတွင် မြဲမြံနေသည်။

ကိုယ့်ရဲ့ ရှား Where stories live. Discover now