unicodeမနက်ခင်း ကထိန်ပွဲမှာတော့ မြန်မြန်ဆန်ဆန်ပဲပြီးသွားလေသည်။
ထက်ရှားကို ကျောင်းဆရာလေးက နှင်းဆီပန်းပေးသည်ဟူသောသတင်းမှာ တစ်ရွာလုံးပျံ့နေလေသည်။ထက်ရှားမှာသာအကိုနှင့်တွေ့ခဲ့ရသည်ကို ပြန်ပြီ အမှတ်ရနေကာ ကြည်နူးနေမိသည်။မိဖြူ လာပြောမှသာ ထက်ရှားသိခြင်းဖြစ်သည်။ဘယ်လို လုပ်ရမလဲ အကိုတော့ စိတ်ဆိုးနေတော့မည်ထင်။
"ကိုကြီး"
အတွေးတို့လွန်နေတုန်း အိမ်ကအငယ်လေးအသံကြားလိုက်ရလေသည်။
"ဟင် ညီလေး ဘာလဲ"
"ဖေဖေက လာဦးတဲ့"
"အေးအေး"
အဖေနှင့်စကားမပြောသည်မှာ ကြာပြီဖြစ်သည်။အခုခေါ်တယ်ဆိုတော့ အကိုနှင့် ကိစ္စ သိသွားပြီဆိုတဲ့သဘောလား။အကယ်၍ အဲ့လိုထင်နေလျှင် သူ အကိုနှင့်ကိစ္စအား ပွင့်ပွင့်လင်းလင်းဖွင့်ပြောလိုက်တော့မည်။သူ့ လိင်စိတ်ခံယူမှုကို အိမ်ကသိပြီးသားမလို့ အရမ်းတော့မစိုးရိမ်ပေ။
ထက်ရှားတွေးရင်းဖြင့် အိမ်ထဲဝင်လာလိုက်သည်။ကိုဥက္ကာကိုတော့မတွေ့ အဖေနှင့်အမေကိုသာတွေ့သည်။
"အဖေခေါ်တယ်ဆိုလို့"
"မောင်ဥက္ကာနှင့်ကိစ္စက ဘယ်လိုဖြစ်တာလဲ"
ဘယ်ကိစ္စကို ပြောနေတာလဲမသိတာမလို့ ထက်ရှားမှာ မအူမလည်နှင့် အဖေ့ကို ကြောင်တောင်တောင်နှင့် ကြည့်နေမိသည်။
ထက်ရှား မအူမလည်ဖြစ်နေသည်ကို အမေကတွေ့တော့ ခပ်ကြိတ်ကြိတ်အသံနှင့်
"ညက သားပန်လာတဲ့ ပန်းက ကျောင်းဆရာလေးပေးတာလို့ လူတွေက ပြောနေကြလို့"
"အဖေ တကယ်တော့ အဲတာက နားလည်မှုလွဲကြတာပါ"
"အဲတာဆို ညက မင်းရလာတဲ့ ပန်းကရော ဘယ်သူပေးတာလဲ၊ မောင်ဥက္ကာကရော ဘာကြောင့် ပန်းဝယ်ရတာလဲ"
"အဲတာကလေ ကျွန်တော်ပန်လာတဲ့ပန်းက လေ ဟို....ကိုကျော်စွာ ပေးလိုက်တာ"
"ရွာမြောက်ပိုင်းက ထွန်းကြိုင်နဲ့နှင်းမှုံ တို့ရဲ့သားလား"

YOU ARE READING
ကိုယ့်ရဲ့ ရှား
Fantasyမင်းဟာ ကိုယ်ရုန်းမထွက်ချင်လောက်တဲ့ အမှားတစ်ခု။ ကျော်စွာ + ထက်ရှား ပထမဆုံးဖန်တီးမှု။ Short story