7

7.7K 387 9
                                    

Unicode

ဥက္ကာ ခပ်သွက်သွက်သာ ထက်ရှားတို့အိမ်သို့ပြန်လာလိုက်သည်။ကိုကျော်စွာ့ပုံကြည့်ရတာ တကယ်လုပ်မည့်ရုပ်ပင်။မခံချင်၍သာ ပြောခဲ့ပေမဲ့ တကယ်တမ်း ထိုးလျှင်သူပဲခံရမှာဖြစ်သည်။

သူ့ကို လာကြိုကတည်းက ဒီနှစ်ယောက်တစ်ခုခုဆိုတာ သိပေမဲ့ အတွေးမှားတယ်ပဲ ထင်နေခဲ့ခြင်း။ ယခု ကိုကျော်စွာပြောမှ တကယ်တွဲနေသည်ဆိုတာ အတည်ပြုသွားရသည်။

သူ ဒီရွာမှာ အေးဆေး စာသင်ချင်ရုံပါ။တနဂ်‌နွေနေ့နှင့် တိုက်တာကြောင့် အလှူခံ လိုက်ခဲ့ မိခြင်း၊၊ဘယ်လိုတောင် အရှုပ်ကြားထဲ ဝင်မိပါလိမ့်။မိဖြူလေးနဲ့စကား‌ပြောရတာပဲ အေးတယ်။

___________________
ညအချိန်...။

ထက်ရှား ဒီနေ့ အဖေလယ်ထဲသွားအိပ်မယ်ဆိုသောကြောင့်သာ သွားမအိပ်တာ တကယ်က လယ်ထဲမှာ အိပ်ရတာဟာ ပိုနွေးပြီး အိပ်လို့ကောင်းသည်။

ည‌နေက အကို ကိုဥက္ကာကို အပြင်ခေါ်သွားသည့်ကိစ္စ ပြန်တွေးတော့ ထက်ရှား အကို့ကို အနည်းငယ်သံသယ ဝင်မိသည်။ကိုဥက္ကာပြန်လာတော့ ထက်ရှားကိုစကားပြောတာ အနည်းငယ် စိမ်းနေသလိုနှင့်။အကို ဘာတွေများပြောလိုက်လို့ပါလိမ့်။

တဖက်လူဟာ ဧည့်သည်ဖြစ်သည့်အပြင် သူစိမ်းမလား။အကိုက မဟုတ်တာတွေလျှောက်ပြောလျှင် တစ်အိမ်တည်းနေရတော့ အနေခက်မှာဆိုးလှသည်။

ထက်ရှား နေ့လယ်က ကိစ္စကြောင့် အဲလူကို စိတ်ဆိုးနေသေးသည်။ သူတကယ်ချစ်တာ နှင်းဖြူကိုလား ၊ ဒါမှမဟုတ် ထက်ရှားကိုလား။ အကိုက မပြတ်မသားနှင့်မလို့ မိဖြူကတောင် ထက်ရှားကို ပြတ်လိုက်ကြဖို့ပြောနေသေးသည်။

ဘာပဲဖြစ်ဖြစ် ကိုယ့်အရှေ့မှာ မိန်းကလေးတစ်ယောက်ကို ဂရုစိုက်ပေးတော့ ထက်ရှား ရင်တွေနာလှသည်။ ယခုက နှင်းဖြူဆိုတော့ ပိုစိုးပြီး ပိုပြီးခံစားရသည်။

တွေးလိုက်တော့ စိတ်ထဲနေလို့မကောင်းတော့ပဲ စိတ်ညစ်ညစ်ဖြင့် အိပ်ပျော်သွားမိသည်။ချမ်းစိမ့်စိမ့်ဖြစ်နေတာကြောင့် ထက်ရှားနိုးလာတော့ အိပ်ယာဘေးမှ ပြတင်းပေါက်ကို သူ မပိတ်ထားတာတွေ့တော့ ပိတ်ရန်ထလိုက်သည်။တံခါးချပ်ကို လက်လှမ်းပြီး အပြင်ဘက်ကိုကြည့်စဉ်မှာပဲ ခြံထဲကို ဝင်လာသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။

ကိုယ့်ရဲ့ ရှား Where stories live. Discover now