5

8.2K 390 10
                                    

unicode

“ကျွန်တော် မေးတာ ဖြေကြဦးလေ”

ရုတ်တရက် သုံးယောက်လုံး အို့တို့အန်းတန်းဖြစ်နေချိန်တွင် အရှေ့မှ လူ၏ စကားသံကြောင့် ထက်ရှား အသိဝင်လာရသည်။

ကျော်စွာ့ကို လှမ်းကြည့်လိုက်တော့ ဖြေမဲ့ဟန်မပေါ်တာကြောင့် ထက်ရှားကပဲ ဦးဆောင်ပြီးဖြေပေးလိုက်ရသည်။

“ဟုတ်ကဲ့ လက်ပံ ရွာကပါဗျ၊ ဒီက အုပ်ကြီး ကြိုခိုင်းလိုက်တဲ့ ကျောင်းဆရာလေးထင်တယ်”

“ဟုတ်တယ်ဗျ ကျွန်တော့်နာမည် ဥက္ကာ ပါ”

“ကျွန်တော်က ထက်ရှားပါဗျ ၊ ဟိုဘက်က အကိုကကျ..”

အကို့ ဘက်ကို ခေါင်းလေးစောင်းကာ ‌မိတ်ဆက်မေးမယ်ကြံသေး အကို့၏ ခပ်မာမာအသံဟာ ထွက်ပေါ်လာသည်။

“မင်းတို့မပြီးတော့ဘူးလား နွားတွေနေပူတယ် အမြန်လာ”

ထက်ရှားလည်း ဥက္ကာကို အားနာသလို တစ်ချက်ပြုံးပြလိုက်ရင်း အသံတိုးတိုးဖြင့်

“အဲအကိုနာမည်က ကိုကျော်စွာတဲ့ သိလား”

ဥက္ကာက ထို အသံတိုးတိုးလေးကို ကြားသည်နှင့် ပြုံးစိစိဖြင့် သူလည်း ထက်ရှားကဲ့သို့ အသံတိုးကာ

“ဟုတ်ပြီ မှတ်ထားလိုက်မယ်”

နှစ်ယောက်သားပြုံးစိစိဖြင့် လှည်းပေါ် တတ်လာသည်ကို ကျော်စွာ စိတ်အလိုမကျစွာ မျက်မှောင်ကြုတ် ကြည့်လိုက်သည်။ဘာတွေမလို့ သူမကြားနိုင်အောင် တိုးတိုးပြောနေရတာလဲ။အခုမှ စတွေ့ခါစကို အဲ့လောက်ထိရင်းနှီးဖို့ လို လို့လား ။

ထက်ရှား မင်းက ငါ့ကိုလဲ ချစ်တယ်ပြောသေးတယ်။ အခြားကောင်ကိုလည်း ငါ့မျက်စိရှေ့မှာတင် မြူဆွယ် ပြနေတယ်။စိတ်ပျက်ဖို့ကောင်းလိုက်တာ။အခြောက်ဆိုတဲ့အတိုင်း ဗီဇက ပေါ်လာပြီ။

ကျော်စွာ့၏စိတ်အခြေနေကို မသိသည့် ထက်ရှားမှာ လှည်းပေါ်တွင် ဥက္ကာဘေး ထိုင်၍ စကားတစ်ပြောပြောဖြင့် ပါလာလေသည်။ရွာထဲရှိ ထက်ရှားတို့ အိမ်ရှေ့အရောက် ထက်ရှားအမေနှင့် အဖေသည် အရှေ့တွင် ရပ်စောင့်နေကြသည်။

ကိုယ့်ရဲ့ ရှား Where stories live. Discover now