မနက်မိုးသောက်ရောင်ခြည်၏ အရု‌ဏ်ဦး အလင်းတန်းများသည် မကျယ်မပြော ဆင်ခြေဖုံးရပ်ကွက်ကလေးဆီသို့ နှိုးစက်ပမာ နှိုးဆော်ကျရောက်လာလေသည်။ ထိုအချိန်တွင်

"အမေ အမေ ဒီမှာလာကြည့်ပါအုံး"

ထိုအရုဏ်ဦးကို စတင်ဖြိုခွဲလိုက်သူမှာ သက်ရှင်နှောင်းဆိုသော ကောင်လေးတစ်ယောက်ပင်ဖြစ်သည်။

"ဟဲ့ အခုမှ အစောကြီးရှိသေးတာ ဘာလို့အော်ဟစ်နေရတာလဲ ဘာလဲပြော ဘာဖြစ်တာလဲ"

"အမေ့ ဒီမှာကြည့်ပါအုံး စာတစ်စောင်"
"ဘာစာလဲ"

"အမေ့ကို ဟိုတစ်ခေါက်ကသားပြောခဲ့တယ်မလား၊ university တစ်ခုမှာ scholarships ဖြေခဲ့တယ်လို့လေ၊ အခုအဲ့ဒီ uni ကစာလာတာပဲ"

"အေး အဲ့တာဘာဖြစ်တုံး ဆက်ပြောလေ"

"အဲ့တာ သားအောင်တယ်တဲ့ အမေရဲ့၊ ‌နောက်အပတ်ကျရင် ဖောင်လာဖြည့်ပြီး စတက်ရမယ်တဲ့"

"ဟယ် တကယ် တကယ်"

"အော် အမေကလဲ ဟုတ်ပါတယ်ဆို"

"အမလေး ဝမ်းသာလို့ပါအေ အမေ့သားလေးက တော်လိုက်တာ အဲ့တာဟောဒီ့ မအေနဲ့တူလို့"

"ဟော တို့အမေ ကတော့လုပ်ပြီ"

"အမယ် မအေကိုနော် ငါတို့ ငယ်ငယ်ကဆိုလေ"

"အမေရယ် တော်ပါပြီ ဒီဓာတ်ပြားဟောင်းကြီးပဲ ဖွင့်နေတာ သားဗိုက်ဆာလှပေါ့"

"အော်အေးပါ အေးပါ အမေဟင်းကောင်းကောင်းချက်ထားတယ်"

သားအမိနှစ်ယောက်၏ ပျော်ရွင်ဖွယ်တစ်နေ့တာသည် နေရောင်ခြည်အလင်းတန်းများကြားမှ လွင့်လူးလသောလေပြေအေးပမအစပျိုးခဲ့လေပြီ

"အမေ သားစားပြီးပြီဆိုတော့ သားသူငယ်ချင်း အိမ်သွားလိုက်အုံးမယ် သူ့ကိုလဲ ဒီအကြောင်းပြောပြရမယ်လေ"

"ဟုတ်ပါပြီတော် ဟုတ်ပါပြီ ဂရုစိုက်သွားနော် ဆိာင်ကယ်သေချာစီး ဆိုင်ကယ်ဦးထုပ်ကောဆောင်း ၊ကြားလား"

"ဟုတ်ကဲ့ပါ သွားပြီ အမေ တာ့တာ"

အသက် ၄၆ နှစ်အရွယ် ဒေါ်ခင်သက်ထားမှာ သားဖြစ်သူ၏ ကျောပြင်ကိုကြည့်ကာ ကွယ်လွန်သူခင်ပွန်းအား သတိရမိလေသည်။ရှင်နှောင်း၏အသက်၁၅နှစ်အရွယ်တွင်ဖခင်ဖြစ်သူဆုံးပါးခဲ့၍ လောကအလယ်၌မျက်နှာငယ်စွာမုဆိုးမဘဝသို့ ရောက်ရှိခဲ့ရသည်။ ဆွေမျိုးအပေါင်းအဖော်များ၏ တီးတိုးကဲ့ရဲ့မှုကို လျစ်လျူရှုကာ မာန်မာနကိုရှေ့ထား၍ သက်ရှင်နှောင်းကို စောင့်ရှောက်ခဲ့လေသည်၊ ထိုအချိန်များအား ဒေါ်ခင်သက်ထား ပြန်၍မတွေးခြင်တော့ပေ။

From the mountain to the sea Where stories live. Discover now