အရုဏ်တက်ချိန်ဖြစ်သည်မို့ မြူမှုန်များဟာ အေးချမ်းသောဆင်ခြေဖုံး ရပ်ကွက်လေးကို လွှမ်းခြုံထားသည်။
"အမေ ဒီနေ့ uni ပိတ်ရက်ဆိုတော့ ဘာတွေလုပ်စရာရှိလဲ သားကူလုပ်ပေးမယ်လေ"
"အဲ့လိုပြောတာကို ဟောဒီ မအေက ကျေးဇူးပါအေ ၊ပြီးရင် အမေဈေးသွားမှာ လိုက်ခဲ့"
"ဟုတ် ဟုတ်"
Uni ပိတ်ရက်ဖြစ်သည်မလို့ ရှင်နှောင်းမိခင်အား တစ်နေ့တာ ကူညီလုပ်ပေးမည်ဟု စဉ်းစားထားသည်။ သားအမိနှစ်ယောက်လဲ ပြင်ဆင်ကာ ဈေးသို့သွားကြေတာ့သည်။
"သား အမေတို့ ဒီနေ့ဘာချက်ရင်ကောင်းမလဲ"
"အမေဘာစားချင်လဲ ဒီနေ့သားလက်စွမ်းပြမယ်လေ ၊အမ်းး ငါးသလောက်ဆီပြန် ရော ဒါမှမဟုတ် ဝက်ပုန်းရည်ချက်ကော အမေစားချင်လား"
"ငါ့သား သဘော "
သားမိနှစ်ယောက် ဈေးခြင်းတောင်းလေးကိုင်ကာ စကားတပြောပြောနှင့်ဈေးဝယ်နေကြသည်။ ရှင်နှောင်းလဲ မိခင်ဖြစ်သူနှင့် ဈေးဝယ်မထွက်ရတာ ကြာပြီမလို့ ပျော်ရွှင်နေသယောင်။
"အမေ အိမ်မှာ အလှစိုက်ဖို့ ပန်းပင်လေးတွေ ဝယ်ကြရအောင်လား အမေလဲ မျက်စိပဒဿဖြစ်တာပေါ့"
"အေး တစ်ပင်နှစ်ပင်လောက်ဝယ်ရအောင်လေ"
ပန်းပင် ဆိုင်တန်းလေးများဆီသို့ ချဉ်းကပ်ကာ
"ဟယ် သား ဟိုတရုတ်စကားပန်းပင်လေးတွေကလှတယ်"
"ဟုတ်တယ်နော် အမေ"
ရှင်နှောင်း တရုတ်စကားပန်းပင်ပေါက်များကို မြင်လိုက်သောအခါ တရုတ်စကားပန်းပင်အောက် မိမိအား ဖွင့်ပြောစကား ဆိုခဲ့သည့် ခမ်းနောင်အား ရုတ်တရက် သတိရမိသွားသည်။
"အန်တီ အဲ့ဒီတရုတ်စကားပန်းပင်လေး တစ်ပင်ယူမယ်ဗျ"
"ဟုတ်ပြီကွယ်"
ရှင်နှောင်း တရုတ်စကားပန်းလေးများကိုချစ်သည်။ တရုတ်စကားပန်းပင်အောက်ချစ်ရေးဆိုခဲ့သူကိုလဲ ချစ်မိနေပြီထင်သည်။
ရှင်နှောင်းနှင့်သူ၏မိခင်မှာ ဝယ်စရာရှိသည်များအား ဝယ်ယူပြီး အိမ်သို့သာပြန်ခဲ့ကြတော့သည်။အိမ်သို့ရောက်သောအခါ အိမ်ရှေ့ ပန်းခြံအသေးလေး၏ မြေကွက်လပ်နေရာတွင် အလျင်အမြန် တရုတ်စကားပန်းပင်လေးအား စိုက်ပျိုးခဲ့သည်။
YOU ARE READING
From the mountain to the sea
Romanceငယ်ရွယ်ချိန်မှာ ပေါက်ဖွားလာတဲ့ ဆယ်ကျော်သက်ကောင်လေးတွေရဲ့ အချစ်ကို ရသမျိုးစုံနဲ့ ပေါ်လွင်အောင်ရေးဖွဲ့ထားပါသည်။