10

435 11 0
                                    

ဒီဇင်ဘာလ၏ မြူနှင်း မြူမှုန်များသည် မြေနီရောင်လမ်းသွယ်လေး ပေါ်သို့ အတားအဆီးမရှိ ဆင်းသက်လာတော့သည်။ တစ်လမ်းလုံးမြူမှုန်များ ဖုန်းနေသည့်အတွက် မြင်ကွင်းများမှာ ကြည်ကြည်လင်လင်မရှိ။

"နှောင်းရေ နှောင်း"

"လာပြီ လင်းရေ လာပြီ၊ အမေသွားပြီနော် တာ့တာ"

"အေးအေး ဖြည်းဖြည်းသွားကြနော်"

"နှောင်း ငါနင့်ကို မေးစရာရှိသေးတယ် နင်ငါ့ကိုမှန်မှန်ပြောစမ်း နင် ခမ်းနောင် နဲ့ ရည်းစားဖြစ်သွားပြီမလား ငါသတင်းအတိအကျ ရထားတာနော် ပြောစမ်း"

"နင်က ဘယ်လိုသိသွားရတာလဲ"

"စီနီယာ ရှိုင်းထက်ပြောပြတာ"

"ဪ.. ငါတို့က ဟိုတစ်နေ့က ဒိတ်ဖြစ်ကြသေးတယ် သူကအိမ်လာခေါ်တာနဲ့ ဟီးဟီး"

"ဘယ်လို နင် နင်တို့က ဒိတ်တောင် ဒိတ်ပြီးပြီ ဟုတ်လား၊ ပြောတော့ ဘာဖြစ်ပါတယ် ညာဖြစ်ပါတယ်နဲ့ မူနေလိုက်တာ ခုကျ လက်လန် ၊ခြေလန် အကုန်လန်ပဲ"

"ဟား ဟား နင်ရည်းစားမရှိလို့ ငါ့ကိုအဲ့လိုပြောနေတာမလား၊ သူငယ်ချင်းရယ် ရုပ်ချောတဲ့သူတွေကပဲ ရည်းစားရှိတာ သိလား"

"အောင်မှာ သက်ရှင်နှောင်း နင်တွေ့အုံးမယ်၊"

ရှင်နှောင်း လရောင်လင်းကို မခံမရပ်နိုင်အောင်စတော့သည်။ လရောင်လင်းလဲ စိတ်ဆိုးဆိုးဖြင့် ဆိုင်ကယ်သာမောင်းလာပြီး uni သို့ရောက်သောအခါ ဆိုင်ကယ်ကို ရပ်လိုက်တော့သည်။

"သက်ရှင်နှောင်းစုတ် ဆင်းစမ်း နောက်တစ်ခါ နင့်ကို ငါလာမခေါ်တော့ဘူး သူငယ်ချင်းမပီသလိုက်တာ"

"သူငယ်ချင်းရယ် အနာပေါ်တုတ်ကျသွားတာလား ဆောရီးပါနော် ဆောရီး ဆောရီး"

သက်ရှင်နှောင်း လရောင်လင်းကို ပြောင်စပ်စပ်ဖြင့်စ‌သွားတော့ လင်းလင်းမှာ အတော်ပင် စိတ်တိုနေပြီ။

"သက်ရှင်နှောင်း!! နင် နင်တွေ့အုံးမယ် ညနေကျ တွေ့ကြသေးတာပေါ့ ‌fuck!!! "

လရောင်လင်းတစ်ယောက် အော်ဟစ်ပေါက်ကွဲရင်းဖြင့်သာ အတန်းတက်ရန် ဆူပုတ်ပုတ်ဖြင့် ထွက်လာတော့သည်။

From the mountain to the sea Where stories live. Discover now