14

594 10 0
                                        

ဆောင်းရာသီ၏ အအေးဒဏ်နှင့်အတူ ခေါင်လန်ဖူးမြို့နယ်လေး၏ နဂိုရှိစ အအေးဓာတ်ကလွှမ်းခြုံတော့ ပို၍ ပို၍ အေးနေသယောင်။ ရှင်နှောင်းမှာတော့ အအေးဓာတ်ကို အံတုကာ ခေါင်လန်ဖူးမြို့ကိုလဲ ရောက်တာ ရက်သတ္တပတ်လောက် ရှိပြီမလို့ မြို့ကို လှည့်ပတ်ရန် ဆုံးဖြတ်ခဲ့သည်။

"သားရယ် ဒီလောက် အေးနေတာကို အပြင်သွားမလို့လား"

"ဟုတ် အမေ၊ ဒီ‌အနီးတဝိုက်ကို လျှောက်ကြည့်ချင်လို့ပါ သိပ်မကြာစေရပါဘူး သားမြန်မြန်ပြန်လာခဲ့ပါ့မယ်"

"အေး အေး မကြာစေနဲ့နော်"

"ဟုတ်ကဲ့"

လေအတိုက်တွင် ‌တိုးဝှေ့နေသော အအေးဓံကို မမှုပဲ အနွေးထည်ထူထူဝတ်ထားသော်ငြားလည်း မျက်နှာလေးနှင့် လက်ဖဝါး လေးတို့မှာ အနည်းငယ် နီစွေး နေသလိုလို၊ ခေါင်လန်ဖူးမြို့လို့ အမည်ရှိတဲ့အပြင် ရေခဲပြင် ရွာကလေးလို့လဲ အမည်ရ‌တာမလို့ နှောင်း ဤ အရပ်ဒေသကို စိတ်ဝင်စားမိသည် အအေးဓာတ်နှင့်အတူ ဖြစ်ပေါ်လာသည့် နှလုံးသားတွင်းမှ ခံစားချက်များကို လျစ်လျူရှု မထားနိုင် သူအရမ်း နာကျင်နေပြီ။

"ကိုကို ဘာအကြောင်းထူးသေးလဲဟင်"

တည်ကြည်ရှိုင်းထက် သူ့ဆီကို အားကိုးတကြီး အကြည့်များဖြင့် မျက်ရည်ကြည်များလဲ့နေသော မျက်ဝန်းတစ်စုံကို လွန်စွာ ကရုဏာ သက်မိ၏၊ သူ၏ အချစ်ဆုံးသူငယ်ချင်းသတင်းကို အစအနများကြားရလေမလားဆို၍ လာမေးသည့် သူ၏ ချစ်ရသူ။

"ကိုကိုရော ခမ်းနောင်ရော စုံစမ်းနေတာမလို့ ကိုယ့်ကလေးလေးက စိတ်ပူစရာမလိုပါဘူးဗျာ ၊ ပြီးတော့ သက်ရှင်နှောင်းမှာ အကြောင်းတစ်စုံတစ်ရာ ရှိနေတာကြောင့်မလို့ လင်းလေးကိုတောင် ပြောမသွားတာနေမှာပါ၊ အာ့ကြောင့် ကိုယ့်ကလေးက သိပ်ပြီးစိတ်ပူမနေနဲ့ ဟုတ်ပြီလား ခမ်းနောင်က တွေ့အောင်ရှာမှာပါ"

"အဲ့တာကို လင်းသိပါတယ် ဒါပေမဲ့ လင်း နှောင်းကို အရမ်းတွေ့ချင်တာပဲ သူ လင်းကို ဖုန်းလေး တစ်ချက်တောင် မဆက်ဘူး သူ့မှာ အကြောင်းတစ်ခုခု ရှ်ိမှာသိပေမဲ့လဲ နည်းနည်း စိတ်ပူမိတယ်၊ သူလဲ လင်းကို လွမ်းနေမှာ ဟုတ်တယ်မလားဟင်"

From the mountain to the sea Where stories live. Discover now