13

628 13 0
                                    

တိတ်ဆိတ်ငြိမ်သက်လှတဲ့ ဆောင်းရာသီမနက်ခင်းလေးဟာ အလွန်ပင် အေးချမ်းနေသည်။ သို့သော် တစ်စုံတစ်ဦး၏ စိတ်ထဲတွင်တော့ မီးလောင်တိုက်သွင်းခံရသည့်ပမာ ပူလောင်နေ၏။

"ဘာ!! နှောင်း မရှိတော့ဘူး ဟုတ်လား အဲ့တာ ဘာစကားလဲ ရှိုင်းထက် ဟမ် ငါ့ကိုသေချာပြော"

ခန္ဓာကိုယ်တစ်ခုလုံး ဒေါသအငွေ့အသက်များ ဖုံးလွမ်းနေသောသူကို တည်ကြည်ရှိုင်းထက် ဆိတ်ငြိမ်စွာကြည့်နေ၏။

"ငါလဲ လင်း ဆီကသိတာ သူမနက်က နှောင်းကို သွားခေါ်တော့ အိမ်တံခါးက သော့ပိတ်ထားတဲ့အပြင် ပရိဘောဂ အသုံးအဆောင်ပစ္စည်းက ဘာမှကိုမရှိတော့တာတဲ့ သူငါ့ဆီကို ငိုယိုပြီး ‌လာပြောတာ"

"အဲ့တာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ နှောင်းက ငါ့အပေါ် ဒီလိုလုပ်မှာ မဟုတ်ဘူး ဒီကိစ္စက ငါ့ daddy နဲ့ ပတ်သက်နေမှာ‌ေသချာတယ် ငါသွားတော့မယ် ဟျောင့်"

"ဟ အခုမှ အတန်းချိန်စတက်မှာလေ "

"ငါ ပျက်တော့မယ် ဒီအတန်းချိန်က ငါ့ကောင်လေးလောက်‌ စောက်ရေးမပါဘူး"

ဒေါသမာန်အပြည့်ဖြင့် ခြေလှမ်းကြီးကြီးလှမ်းကာ အခန်းတွင်းမှ ထွက်သွားသောသူအား ကြည့်ကာ တည်ကြည်ရှိုင်းထက် သက်ပြင်းချမိ၏။

ကြီးမားကျယ်ဝန်းလှသော စံအိမ်ကြီးရဲ့ အိမ်တွင်းပန်းခြံရဲ့ အလယ်ခေါင် စားပွဲမှာ စာအုပ်ဖတ်နေသော ဦးစိုင်းဒီပါနောင် သူ့နားသို့ ချဉ်းကပ်လာသည့် ခြေလှမ်းများရောက်လာမည်ကို ကြိုတင်သိနေသယောင်

"Daddy ဒါ ဘာသဘောလဲ"

"မင်းဟာက မရှင်းမလင်း ပါလားကွ ဟားဟား

စကားပြောရင်း အောင်နိုင်သူအပြုံးဖြင့်ရယ်လိုက်သော ဖခင်ဖြစ်သူကြောင့် စိုင်းခမ်းနောင် ပိုပြီး ဒေါသဖြစ်ရ၏။ သူ၏ဖခင် ဒီလို လှည့်ကွက်တွေ သုံးတော့မည်ကို သူသိနေသည် သို့ပေမည့် မတားဆီးနိုင်ခဲ့သောကြောင့် ယခုချိန်တွင် ခမ်းနောင် ကိုယ့်ကိုယ် ကိုအား အပြစ်ဆိုမိ၏။

"Daddy ကွေ့ပတ်ပြောမနေပါနဲ့ဗျာ နှောင်း သက်ရှင်နှောင်း သူဘယ်မှာလဲ daddy သူ့ကို ဘာလုပ်လိုက်တာလဲ"

From the mountain to the sea Where stories live. Discover now