3

673 15 0
                                        

ခါတိုင်းနှင့်မတူဘဲ ယနေ့သည် ပိုမိုထူးခြားနေသယောင်ပင် တိမ်များထူထပ်နေသောကြောင့် နေအလင်းရောင်မှာ ဖျော့ဖျော့သာတောက်ပနေလေသည်။

"နှောင်း ဟိုမှာကြည့်စမ်း ကန်တင်းမှာ လူတွေစည်နေပါ့လား"

"အေး ဟုတ်တယ်နော် လင်း ငါတို့သွားကြည့်ရအောင်လား  လာမြန်မြန်"

ကန်တင်းမှာ ခါတိုင်းနှင့် မတူဘဲ ယနေ့မှပို၍လူစည်နေသည်မှာအမှန်ပင် အကြောင်းပြချက်သည်ကား ကျောင်းရဲ့ major kingနှစ်ယောက် ကန်တင်းတွင်ရောက်နေခြင်းဖြစ်သည်။

"ဟျောင့် ခမ်းနောင် မင်းဒီတစ်သက်ရည်းစားရောမထားတော့ဘူးလားကွ လူပျိုကြီးလုပ်ဖို့ စီစဉ်နေတာလား၊ ဟား ဟား"

"ဟျောင့် ငါကမထားချင်သေးလို့ပါကွာ ငါ့အကြိုက်လဲမတွေ့သေးလို့ မင်းသာ ဟိုတစ်ယောက်၊ဒီတစ်ယောက်နဲ့ တိုင်ပတ်နေတာ ငါက ထားချင်ရင် အခုဆိူ အခုရတယ်ကွ တည်ကြည်ရှိုင်းထက် ရ"

စိုင်းခမ်းနောင်၏ စကားမှာ အမှန်ပင်ဖြစ်သည် သူသာ ရည်းစားထားမယ်ဆို သူ့ကိုကြိုက်နေသည့် ကောင်မလေးများရော ကောင်လေးတွေပါအပါ များလှပေသည်။ စိုင်းခမ်းနောင်မှာ အရပ်ရှည်ရှည် ရုပ်ဖြောင့်သူဖြစ်၏ အသားအရည်မှာ ဖြူဖျော့ဖျော့ရောင်ရှိပြီး နှာတံချွန်၍ ကျင်းပေသော မျက်လုံးလေးများမှာ ဆွဲဆောင်မှု အပြည့်ရှိလေသည်။ ထို့ပြင် ခမ်းနောင်သူငယ်ချင်း တည်ကြည်ရှိုင်းထက်ဆိုသည်မှာလဲ တစ်မျိုးဆွဲဆောင်မှုရှိပြန်သည်။ ထို့ကြောင့် အပျိုများအပြင် လူပျိုလေးများ၏ သည်းခြေညှာကို ဆုပ်ကိုင်ထားနိုင်ကြသည်။

"လင်း ဒီမှာ ပွဲလဲဖြစ်နေတာမှမဟုတ်တာ ဘာလိူ့လူစည်နေတာလဲ"

"ငါလဲမသိဘူးလေဟ"

"နေအုံး ငါနည်းနည်းပါးပါး လိုက်မေးကြည့်အုံးမယ်"

"ဟဲ့ ဟဲ့ နှောင်း...."

စပ်စုစိန်ရှင်နှောင်းမှာတော့လူစည်ရခြင်းအကြောင်းရင်းအား လိုက်လံစုံစမ်းနေတော့သည်။

"လင်း ငါသိသွားပြီ"

"ဟုတ်လား ဘာလဲပြောပြအုံးလေ"

From the mountain to the sea Where stories live. Discover now