12

429 12 4
                                        

"တီ....နှောင်းရေ နှောင်း"

"လာပြီ လင်းခဏ၊ အမေ လင်းလာခေါ်နေပြီမလို့ သားသွားတော့မယ်နော်"

"အေးအေး သား ဖြည်းဖြည်းသွားကြအုံး"

"ဟုတ်"

"နှောင်း ငါထွက်လာတာ စောတယ်မလား"

"စောပါ့ စောပါ့"

"စောမှာပေါ့ ငါကမနက်ဆို ငါ့ကို နှိုးမယ့် ကိုကို ရှိနေပြီလေ ဟဲဟဲ"

"အမယ် ရုပ်ကိုက အမြင်ကတ်စရာ၊ ဒါနဲ့ လင်း ငါနင့်ကို ပြောစရာရှိသေးတယ် သိလား"

"ဘာပြောမလို့လဲ ပြောလေ"

"ဟိုလေ ဟို"

"ကဲပါ ဟိုမနေနဲ့ ပြောစမ်းပါ"

"မောင်ကလေ မောင်က Dreamland group ရဲ့ တစ်ဦးတည်းသောသားတဲ့"

"ဟမ်!..ဘယ်လို အာ့ဆို အခု ငါတို့ တက်နေတဲ့ Dreamland University ကို သူပိုင်တာပေါ့"

"အင်း ပြီးတော့ သူ့အဖေက ငါနဲ့သူ့အကြောင်းသိသွားပြီလင်း"

"‌ဪ အာ့ကြောင့် သူအခုတစ်လော သိပ်မတွေ့ရတာကိုး၊ သူငယ်ချင်း ဘာမှ စိတ်မပူနဲ့ ငါ့အမြင်မှာတော့စိုင်းခမ်းနောင်က နင့်ကို တကယ်ချစ်တာပါဟာ အာ့ကြောင့် သူ့ကိုပဲ ယုံလိုက်နော် ဟုတ်ပြီလား"

"အင်းပါ"

ရှင်နှောင်း စိတ်တွေ ထွေပြားနေလေ၏။

"ကဲရောက်ပြီ နှောင်းရေ"

Dreamland University ကြီးကို နှောင်း မော့ကြည့်လိုက်ကာ သက်ပြင်းရှိုက်မလိုက်သည်။

"လင်း ငါအတန်းသွားတက်တော့မယ်၊ ညနေကျ စောစောလာနော် ငါခါတိုင်း စောင့်နေကျ နေရာက စောင့်နေမယ်"

"အေးပါ"

"သွားပြီ လင်း"

"တာ့တာ"

နှောင်းလဲ အတန်းထဲသို့ ဝင်ပြီး ဘေးဘီဝဲယာ ‌ကြည့်လိုက်သော် သက်ဆိုင်သူ တစ်ယောက်ကတော့ရှိမနေ၊ မောင် အရမ်းခက်ခဲနေမှာ ရှင်နှောင်းသိသည်။
အတန်းချိန်များ တစ်ချိန်ပြီး တစ်ချိန်ကုန်ဆုံးပြီး ညနေအတန်းဆင်းချိန်ရောက်သည်အထိ ရှင်နောင်း၏ စိတ်နှင့် ကိုယ်မှာ တစ်ခြားစီပေ။ ရှင်နှောင်းလဲ လင်းကို စောင့်နေကျ တရုတ်စကားပင်ဆီသို့သာ လျှောက်ခဲ့တော့သည်။

From the mountain to the sea Where stories live. Discover now