7

428 13 0
                                    

ငှက်ကလေးများ၏ ဝေဆာမြူးသံဖြင့် မနက်ခင်းအလှပေါင်းစပ်ကာပြည့်စုံသွားပေ၏။

"နှောင်း သားလေး ထတော့ 8 နာရီထိုးနေပြီ"

"အမေကလဲ ဒီနေ့ uni ပိတ်တဲ့ဟာ ခဏလောက်ပဲထပ်အိပ်ပါရစေနော်၊ 5 မိနစ်လောက်ပါပဲ"

မျက်လုံးမဖွင့်ဘဲ စကားပြောနေသော သားအား ဒေါ်ခင်သက်ထား အနုနည်းဖြင့် နှိုးလို့ မရမှန်းသိသွားသည်။

"သက်ရှင်နှောင်း ငါ သုံးအထိ ရေလို့ မထရင် နင်ဘာဖြစ်သွားမယ်ထင်လဲ စပြီနော် 1...2..."

"ထပြီ ထပြီ အမေကလဲ မနေ့က ခရီးကပန်းလို့ နားနေတဲ့ဟာ ဟင့်"

"ကဲ ထ ထ အပိုတွေမပြောနဲ့ မျက်နှာသစ် သန့်ရှင်းခဲ့၊ သွား"

"ဟုတ် ဟုတ်"

အနည်းငယ် ဆူပုတ်အောင့်သက်ကာထသွားသော သားဖြစ်သူအား ကြည့်ကာ ခေါင်းရမ်းမိ၏။

"အမေ သားပြီးပြီ၊ သား ထမင်းဝိုင်း ပြင်လိုက်တော့မယ်နော်"

"အေး ဟုတ်ပြီသား"

ရှင်နှောင်း မနက်စာ အတွက် စားပွဲပြင်ပြီး သူ၏အမေအတွက် ထမင်းခူးခပ်ပေးကာ သူ့အတွက်တော့ ပေါင်မုန့်နှင့် နွားနို့သာ ပြင်လိုက်သည်။

"ပြင်ပြီးပြီ အမေ"

"အေး စားလေသား"

"တီ....တီ..."

"ဟဲ့သား လင်းလားမသိဘူး သွားကြာည့်လိုက်စမ်း ဘယ်သူတုန်းလို့"

"ဟုတ် ဟုတ်"

တံခါးပေါက်ကိုဖွင့်ကာ ကြည့်လိုက်တော့ တစ်ခြားသူမဟုတ် အနည်းငယ် ပြုံးကာ ရပ်နေသော စိုင်းခမ်းနောင်အား ရှင်နှောင်းတွေ့လိုက်ရ၏။

"စိုင်း ဘာလာလုပ်တာလဲ ငါ့အိမ်ကို"

"မင်း မနေ့က ငါ့ဆိုင်ကယ်ပေါ်မှာ ဒီအထုပ်လေး ကျန်ခဲ့လို့ ၊ "

"အာ ဟုတ်သားပဲ ခုမှ သတိရတယ် အမေ့အတွက် ဝယ်လာတဲ့ ပဝါ အထုတ်လေးမလား၊ ကျေးဇူးပါနော် လာပို့ပေးတာ "

"ဟဲ့သား ဘယ်သူလဲ အိမ်ထဲခေါ်လိုက်အုံးလေ "

"‌ဪ စိုင်းဝင်လေ အိမ်ထဲ"

From the mountain to the sea Where stories live. Discover now