9

420 10 2
                                    

University ကြီးလဲမကြာခင် ပိတ်တော့မည်ဖြစ်သည်။ ရှင်နှောင်း၏ တစ်နေ့တာမှာလဲ ခါတိုင်းလိုပင်။ University ကိုသွားလိုက် ပြန်လိုက်ဖြင့်သာ လည်ပတ်နေတော့သည်။

"နှောင်း ငါဆိုင်ကယ်ရပ်ကထဲက ကြည့်နေတာ နင်ဘယ်သူ့ကို လိုက်ရှာနေရတာလဲဟမ်"

"ငါက ဘယ်သူ့ကိုရှာရမှာလဲ မရှာပါဘူး ပေါက်ကရ ဒီတိုင်း ဘေးပတ်ဝန်းကျင်ကို ကြည့်ရုံလေးပါ"

"ပြီးတာပါပဲ ငါအတန်းသွားတက်တော့မယ်နော် နင်လဲသွားတော့လေ"

"အင်း"

ရှင်နှောင်း၏ မျက်ဝန်းများမှာ တစ်စုံတစ်ယောက်ကို မျှော်လင့်တကြီးစွာဖြင့် စောင့်ဆိုင်းနေသည့်အလား

"တီချယ် မင်္ဂလာပါဗျ"

"မင်္ဂလာပါ သားရေ"

အတန်းသို့ ဝင်ဝင်ချင်း တွေလိုက်သည့် ဆရာမအား ရိုသေစွာ နှုတ်ဆက်လိုက်ရင်း နေရာသို့သာ ထိုင်နေသည်။သို့သော် နှောင်း တစ်စုံတစ်ယောက်ကို မြင်လိုက်၏။ နောက်ကို အနည်းငယ် မသိမသာ လှည့်ကြည့်လိုက်တော့ အနက်ရောင် jacket ကို အပေါ်မှထပ်ဝတ်ထားပြီး ဆံပင်များကို အပေါ်ကို ဖြီးလှန်တင်ထားသော ခမ်းနောင်မှာ တစ်မျိုး ကြည့်ကောင်းနေပြန်သည်။

"လင်း ဒီနေ့ စိုင်း ကျောင်းကိုလာတယ်ဟ"

"ဟုတ်လား နင်ရောစဥ်းစားပြီးပြီလား သူ့ကို အဖြေပြန်ပေးဖို့လေ"

"အဲ့တာကလား ငါလဲ ပြောချင်ပေမယ့် ရှက်တယ်ဟ"

"ဘာကိုရှက်တာလဲ သူက နင့်ကိုအရင်စဖွင့်ပြောထားတာလေ ဘာမှရှက်စရာမလိုဘူး"

အတန်းဆင်းသည်နှင့် တစ်ပြိုင်နက် လင်းဆီအပြေးလာကာ မည်သို့မည်ပုံဆုံးဖြတ်ရမည်ကိုတိုင်ပင်နေခြင်းဖြစ်သည်။

ညနေကျောင်းဆင်ချိန်များ ရောက်သည်နှင့် ရှင်နှောင်းလဲ တရုတ်စကားပင်လေးဆီ ပြေးခဲ့သည်လင်းအလာကို စောင့်နေကာ စကားပန်းကြွေ‌လေးများကို လက်ထဲတွင် ထည့်ကာ မွေးရှိုက်နေ၏။

"အားး နှောင်းရေ နှောင်း"

"ဘာဖြစ်လာတာလဲလင်း သုတ်သုတ်ပြာပြနဲ့"

From the mountain to the sea Where stories live. Discover now