မနက် ဝေလီဝေလင်းအချိန်မလို့ မိုးတိမ်သားများဟာ ကြည်လင်တောက်ပမှု မရှိသေးပေ။သို့သော် မနက်စောစော ဝီရိယ ရှိသူတစ်ယောက်မှာတော့ ရှင်နှောင်းပင်။
"ငါသွားမယ်...ဟောလိဝုဒ်!!၊ ငါသွားမယ် ဟောလိဝုဒ်..၊ အဲ မေ့လို့ ငါက ဟောလိဝုဒ် သွားမှာမှ မဟုတ်ဘဲ ပုဂံညောင်ဦးဟာ၊ နည်းနည်း စာသား ပြင်လိုက်မယ် ငါသွားမှာ ပုဂံညောင်ဦး"
မှန်ရှေ့တွင် ထိုင်ကာ ရယ်လိုက် သီချင်းညည်းလိုက် လိမ်းခြယ်ပြင်ဆင်၍ နှောင်းတစ်ယောက် အလုပ်ရှုပ်နေ၏။
"ဟဲ့ ဟဲ့ မနက်ခင်း ကျီးတောင် မနိုးသေးဘူး နင်က နိုးပြီး ဟောလိဝုဒ် လုပ်နေပြီ ၊ မအေ အိပ်နေတာကို အလိုက်ကန်းဆိုးကို မသိဘူး"
"အမေကလဲ အလည်အပတ်မသွားရတာ ကြာပြီမလို့ပါ၊ အပျော်လွန်သွားတာ ဟီးဟီး ၊အမေ ပြန်အိပ်ချင်အိပ်လေ သား ထမင်းအိုး တည်ထားတယ်"
"အခုမှတော့ ပြန်အိပ်လို့ရတော့မလားဟဲ့၊ ဒါနဲ့ နင်တို့က ပုဂံမှာဘယ်နှစ်ရက် ကြာမှာတုံး"
"တစ်ညအိပ် နှစ်ရက်လေ အမေရဲ့"
"အော်အေး ကောင်းသားပဲ၊ ဘယ်အချိန်သွားကြမှာတုန်း "
"5နာရီစထွက်မှာလေ"
"ဟယ် အခုမှ 4နာရီကျော်ပဲရှိသေးတယ် မအေကို အိပ်ရေးပျက်အောင် တအား လုပ်တာနော်"
"4 ခွဲတော့မှာပါ အမေကလဲ လင်းလဲ လာခေါ်တော့မှာ"
"တီ......."
"ဟော ပြောရင်း ရောက်လာပြီ၊ အမေသွားတော့မယ်နော် uni မှာ ကားစောင့်ရမှာမလို့"
"အေးအေး ဖြည်းဖြည်းသွားကြ။ ဟိုရောက်ရင် အမေ့ကို ဖုန်းဆက်လိုက်အုံး မေ့မနေနဲ့"
"ဟုတ် ဟုတ် အမေသွားပြီ တာ့တာ"
"အန်တီသွားပြီ "
လမ်းမီးတိုင်များကြောင့် မန္တလေး၏ မနက်ခင်း အစောပိုင်းမှာ သိပ်မမှောင်မိုက်တော့ပေ။ဆောင်းဦးဝင်ခါစမို့ အနည်းငယ် ချမ်းစိမ့်စိမ့်ခံစားချက်ကလေး လှိုက်ခနဲ ဖြန်း သွားသယောင်။
"လင်း နင်ဒီနေ့ကျ အချိန်တိကျလှချည်သား ဝီရိယတွေ ကောင်းနေတာပေါ့"
YOU ARE READING
From the mountain to the sea
Romanceငယ်ရွယ်ချိန်မှာ ပေါက်ဖွားလာတဲ့ ဆယ်ကျော်သက်ကောင်လေးတွေရဲ့ အချစ်ကို ရသမျိုးစုံနဲ့ ပေါ်လွင်အောင်ရေးဖွဲ့ထားပါသည်။