5

561 16 1
                                    

အနီရောင်ရှိ၍လုံးဝန်းလှသော နေမင်းကြီးမှာ အရှေ့ရပ်မှစတင်ထွက်လာတော့သည်။ငှက်ကလေးများ၏ အသံဆာဆာလေးကိုလည်း စတင်ကြားနေရချေပြီ။

"အမေ သားတို့ uni ကမနက်ဖြန် ပုဂံကိုtrip ထွက်မှာတဲ့"

"ဟုတ်လား သားလိုက်သွားချင်လိုက်သွားလေ"

"အမေခွင့်ပြုတယ်ပေါ့ ပျော်လိုက်တာ အမေအကောင်းဆုံးပဲ"

"အမလေး ဟုတ်ပါပြီတော် ဒါနဲ့ ဒီနေ့ရော university ကို ဘာနဲ့သွားမှာလဲ"

"ဒီနေ့လင်းလာခေါ်မှာ အမေရဲ့ သူနေကောင်းသွားပြီတဲ့"

"အော် ကောင်းတာပေါ့ ဒါနဲ့ ဟိုတစ်နေ့ကသူငယ်လေးကိုလဲ အားရင် အိမ်လာခဲ့ပါအုံးလို့ အမေက ထမင်းစားဖိတ်တယ်လို့ ပြောလိုက်အုံး"

"ဟာအမေကလဲ သူ့အိမ်က ဝေးပါတယ်ဆိုနေမှ"

"ပြောဆိုပြောလိုက် အဲ့သူငယ်လေးကလိမ္မာရေးခြားရှိမဲ့ပုံပဲ"

"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ"

"တီ.....တီ..."

"ဟော အမေလင်းလာပြီထင်တယ် သားသွားတော့မယ်နော်"

"အေးအေး ဖြည်းဖြည်းသွားကြအုံး"

"ဟုတ်ကဲ့ တာ့တာ "

"နှောင်းရယ် မနေ့ကငါ့မှာ ဖျားလိုက်တာ ထတောင်မ‌ထနိုင်ဘူး သိလား၊ ဒီနေ့သက်သာသွားတော့ တော်သေးတယ် နို့မို့ဆို ငါ ဆန်ပြုတ်နဲ့ပဲ နှစ်ပါးသွားရတော့မှာ"

နှောင်း လင်းနဖူးအား တစ်ချက် စမ်းလိုက်ကာ

"အဖျားတော့ မရှိတော့ပါဘူး နင်အားနည်းနေတာ နေမှာပေါ့၊ ငါ့သူငယ်ချင်းလေးကို ညနေကျမှ ‌မုန့်လိုက်ဝယ်ကျွေးမယ်လေ"

"တကယ်လား"

"တကယ် တကယ် ဒါနဲ့လင်း uni ကမနက်ဖြန် ပုဂံ tripတဲ့ နင်လိုက်မှာမလား"

"ဟမ် တကယ် လိုက်မှာပေါ့ဟ ဘယ်လိုမေးလိုက်တာတုံး"

"အာ့ဆို ငါတို့ နှစ်‌ယောက် အတူတူပဲပေါ့ ငါ့အမေကလဲ ခွင့်ပြုတယ်တဲ့"

"Yay...!!"

နှစ်ယောက်စလုံးပြိုင်တူအော်လိုက်ကြ၏။

From the mountain to the sea Where stories live. Discover now