11

395 10 8
                                    

တိတ်ဆိတ်ငြိမ်သက်၍ ကျယ်ဝန်းလှသော စံအိမ်ကြီး၏ အရှေ့တွင် အနက်ရောင်ကားများဖြင့် ဝန်းရံထားပြီး အနက်ရောင် တူညီဝတ်စုံများကို ဝတ်ဆင်ထားသော လူများကလဲ ဘယ်ကို တစ်ခေါက်လျှောက် ညာကို တစ်ခေါက်ချီကာနှင့် အလုပ်ရှုပ်နေတော့သည်။

"သား ခမ်းနောင် မင်းဘာတွေလျှောက်လုပ်နေရတာလဲ ဟမ်"

တည်ကြည်အေးစက်ကာဖြင့် ကတ္တီပါသားခင်းထားသော ထိုင်ခုံပေါ်တွင် ဘယ်ခြေကို ညာခြေပေါ်ထပ်၍ ထိုင်နေကာ စိုင်းခမ်းနောင်ကို ပြောလိုက်သူမှာတော့ ခမ်းနောင်၏ အဖေ ဦးစိုင်းဒီပါနောင် ဖြစ်သည်။

"Daddy သား ဘာလုပ်လုပ် daddy ကို လိုက်ပြောနေဖို့လိုသေးလား daddy တောင် ဟိုမိန်းမနဲ့တွဲ ဒီမိန်းမနဲ့ ပွေ လုပ်နေတော့ရော သားကို ဘာပြောဖူးလို့လဲ"

"အဲ့တာ မင်းစောက်လုပ်လား ဟမ် ငါက အဖေလား မင်းက အဖေလားကွ မင်းတစ်သက်လုံး ဒီလို နေနိုင်အောင် မင်းအဖေငါက ပြုစုခဲ့တာကွ အခု မင်းလုပ်ပုံကကောင်းသေးလား မင်းကောင်လေးတစ်ယောက်နဲ့ တွဲနေတဲ့ပုံတွေ ပျော်နေတဲ့ပုံတွေ မင်းပြန်ကြည့် မင်းစောက်လုံးတွေနဲ့ကြည့် မိဘ မျက်နှာအိုးမဲသုတ်တဲ့ကောင် ခွေးမသား!!!"

ဦးစိုင်းဒီပါနောင် ၏ ‌ဒေါသအဟုန်ဖြင့် ပြောဆို နေသံများသည် စံအိမ်၏ ဧည့်ခန်းထဲတွင် အတိုင်းမသိ ဟိန်းထွက်လာ၏။

"အဲ့တော့ရော daddy က ဘာလုပ်ချင်လို့လဲ ကျွန်တော်သူ့ကို ချစ်တယ် အနည်းဆုံးတော့ ကျွန်တော်က daddy လိုမျိုး mommy အပေါ်မှာ သစ္စာမရှိတဲ့ လူတစ်ယောက်မဟုတ်ဘူး"

"တောက်စ်!!!မင်းကများ ငါ့ကိုပြန်ပြောရသေး ခွပ်...."

ဦးစိုင်းဒီပါနောင်၏ ဒေါသသံများနှင့်အတူ အရှိန်ပြင်းလှသော လက်သီးတစ်ချက်ဖြင့် ခမ်းနောင်အား ထိုးလိုက်တော့သည်။

"ထိုးပါ daddy ကျွန်တော့်ကို ထိုးလေ ကျွန်တော့်ဘက်က လုံးဝ လက်လျှော့မှာ မဟုတ်ဘူး daddy မကျေနပ်ဘူးဆိုရင်လဲ အမွေဖြတ်လိုက်ဗျာ၊ ကုန်ကုန်ပြောရရင် သားအဖြစ်ကပါ စွန့်ပစ်လိုက်လဲ ကျွန်တော်ဂရုမစိုက်တာမလို့ daddy သဘောပဲ"

From the mountain to the sea Where stories live. Discover now