2

920 18 8
                                    

အရှေ့ရပ်မှ နေထွက်၍ အနောက်ရပ်မှနေဝင်ကာ တစ်ရက်တာ ကုန်ဆုံးခဲ့လေသည်။တစ်ပတ်ဆိုသောအချိန်မှာ မပြောပလောက်အောင်ပင် မြန်ပေသည်။ ရှင်နှောင်း uni စ‌တက်ရမည့် အချိန်ရောက်ခဲ့လေပြီ။

"သားရေ သား"

"ဗျာ့ အမေ"

"သား အားလုံးပြင်ဆင်ပြီးပြီလား"

"ဟုတ် အကုန်ပြင်ဆင်ပြီးပြီ university ကတကယ်မိုက်မယ်ထင်တယ်နော် အမေ သားစိတ်လှုပ်ရှားနေပြီ"

"ကဲပါ အဲ့တာအသာထား အမေတို့အရင်ဆုံး မနက်စာစားကြရ‌အောင်လေ လာလာ သားလာ"

သစ်သားထရံကတ်များဖြင့် ကပ်ရိုက်ထားသော နှစ်ထပ်အိမ်လေးထဲတွင်  ထမင်းစားပွဲ၌ ထမင်းစားနေသော သားမိနှစ်ယောက်၏ ပုံရိပ်များမှာ အမှန်ပင်ကြည်နူးဖွယ် ဖြစ်၏။

"သား သားကို လင်းလင်း လာခေါ်မှာမလား"

"ဟုတ်တယ် အမေ သူကလဲ အမြဲနောက်ကျတာသိလား အိပ်ရာထနောက်ကျနေပြန်ပြီထင်ပါရဲ့ အမေရယ်"

"အမလေး လာပါလိမ့်မယ်ခဏနေကြရင် ဖြည်းဖြည်းပေါ့"

"သားကစောစောသွားချင်တာ အမေလဲသိရဲ့သားနဲ့"

"နင်ကတော့လေ ငယ်ငယ်ကအကျင့်မပျောကိဘူး ငယ်ငယ်ကအမေလေ သားကို ကျောင်းနောက်ကျမှပို့ရင် ငိုတာလေ"
မိခင်ဖြစ်သူမှာ ပြောရင်းဖြင့် ရယ်လေသည်

"ဟာ အမေကလဲ အဲ့တုန်းက သားက ကလေးပဲရှိသေးလို့ပါနော်"

"ဟုတ်ပါပြီ ဟုတ်ပါပြီ".

"တီ....တီ.."

"အမေ လင်းလာပြီ ထင်တယ် သားသွားတော့မယ်နော်"

"အေးအေး သူငယ်ချင်းနှစ်ယောက် ဖြည်းဖြည်းသွားကြနော်"

"ဟုတ်ကဲ့ အန်တီ သားတို့သွားပြီဗျ"

ရှင်နှောင်း၏အိမ်မှ ‌ဆိုင်ကယ်ဖြင့် သူငယ်ချင်းနှစ်ယောက်ထွက်လာခဲ့ကြ၏။

"ကဲ နှောင်းရေ ရောက်ပြီ"

"လင်း ငါ့ကိုတစ်ချက်ကြည့်ပေးပါအုံး၊ ဒီနေ့ငါဘယ်လိုနေလဲ ကြည့်ကောင်းရဲ့လားဟင်

"အမ်းး ဘယ်လိုလဲဆိုတော့ နည်းနည်းကြောင်တောင်တောင်နဲ့"

"လရောင်လင်း နင်ပြောလို့ပြီးပြီလား သေချင်နေပြီထင်တယ်"

From the mountain to the sea Where stories live. Discover now