15(ဇာတ်သိမ်းပိုင်း)

751 10 0
                                    

အေးချမ်းလှသော မနက်ခင်းကောင်းကင်၏ အလှမှာ နာမည်ကြီး ပန်းချီဆရာတစ်ယောက်၏ ပန်းချီကားတစ်ချပ်နှယ် လှပတင့်တယ်နေ၏။ ကောင်းကင်ထက်တွင် ပျံသန်းနေသည့်‌ လေယာဉ်ထဲမှ လူငယ်၏ စိတ်အစုံသည်လည်း မူလကထက်ပိုမို လှုပ်ရှားလာသည်။ သူ၏ ချစ်ရသူကို တွေ့ရတော့ပေမည်ဆိုသည့်အသိက သူ၏ ဦးနှောက်မှ နှလုံးသားအား သတင်းပို့ကာ ခန္ဓာပိုယ်အနှံ့အပြားသို့ ပျံ့ကျက်နေ၏

"တီ...တီ...."

"ဟယ်လို ငါ‌ရောက်ပြီ ရှိုင်းထက် အခုငါ့ကို လိပ်စာ အတိအကျပို့‌ေပးအုံး"
.........
"အင်း ငါသိပြီမလို့ ဖုန်းချလိုက်တော့မယ်"

တောင်ကုန်းလေး သဖွယ် မတ်စောက်နေသည့် ကုန်းတစ်ခုကို ဖြတ်ကျော်လာပြီးနောက် တည်ကြည်ရှိုင်းထက်ပြောလိုက်သည့် လိပ်စာအတိုင်း ဆက်သွားဖို့ပဲကျန်တော့သည်။ မကြာခင်မှာ သူ့ချစ်သူကောင်လေးရဲ့ မျက်နှာကို မြင်တွေ့ရတော့မည်။ သူ့ကောင်လေး နေများကောင်းရဲ့လား အစားရောသေချာစားရဲ့လား သူ့ကိုရော လွမ်းနေမလား ဆိုသည့် မေးခွန်းများမှာ ခမ်းနောင် ရင်ဘတ်ထဲတွင် ပဲ့တင်ထပ်သံများပမာ ပျံ့နှံ့သွားသည်။

"အမေ မနက်စာစားရအောင် သားအဆင်သင့်ပြင်ထားတယ်"

"ဟယ် သား နေကောင်းသေးတာလဲ မဟုတ်ပဲနဲ့ ဘာလို့ ဒါတွေလုပ်နေရတာလဲ ဖယ် ဖယ် အမေ့ဘာသာ အမေလုပ်လိုက်မယ်"

"အမေကလဲ သားနေကောင်းပျောက်ပါပြီဆို အဲ့လို ဘာမှမလုပ်ပဲ ထိုင်နေရင် သားပိုပြီးဖျားလိမ့်မယ်အမေရဲ့ ဒီလို လှုပ်လှုပ်ရှားရှားနေရတာကို သားကကြိုက်တဲ့ဟာ"

"ပြောလိုက်ရင် အဲ့လိုချည်းပဲ"

"လာပါ အမေရယ် ဟင်းတွေပူတုန်း စားကြရအောင်"

သားအမိနှစ်ယောက်ပြုံးပျော်မြူးကာ မနက်စာ စားပွဲတွင် ထမင်းလက်ဆုံနွှဲတော့သည်။  ထမင်းစားပြီးနောက် ဆောင်းရာသီ၏ အအေးဓာတ်များ လွှမ်းခြုံနေသည့် ခန္ဓာကိုယ်လေးအားနွေးစေရန် ကော်ဖီချိုချိုတစ်ခွက်အား တစ်ကျိုက်သောက်လိုက်လေ၏။ ကော်ဖီချိုချို တစ်ခွက်ဟာ စိတ်ညစ်စရာ တွေကို သက်သာစေသည်တဲ့လေ၊ သို့ပေမဲ့ ရှင်နှောင်းရင်ဘတ်ထဲက စိတ်ညစ်စရာများကိုတော့ ချိုသောကော်ဖီ တစ်ခွက်က မရှင်းထုတ်ပေးနိုင်ခဲ့ချေ။

From the mountain to the sea Where stories live. Discover now