4

592 16 0
                                    

အချိန်ရာသီများမှာ တစ်ရက်ပင်နှစ်ရက်ချို့ မြန်ဆန်လွန်းလှပေသည်။ဘာလိုလိုနှင့် နှစ်ဝက်တောင်ကျိုးခဲ့ပေါ့။

"ကဲ အားလုံးကို တီချယ် သတင်းကောင်းလေးတစ်ခု ပြောစရာရှိတယ် တီချယ်တို့ ဒီအပတ်သောကြာနေ့ကျရင် trip ထွက်ဖို့ စီစဉ်ထားတယ် "

"ဝါးးးးး"

ဆရာမ၏ စကားမဆုံးပင်တွင် အလွန်ကျယ်လောင်လှသော ဟေးဝါး သံကြီးမှာ ဟိန်းခနဲ ထွက်ပေါ်လာခဲ့၏

"တီချယ် တီချယ်"

မိန်းကလေးအတန်းခေါင်းဆောင်မှ စကားစလိုက်ကာ

"သမီးတို့ ဒီတစ်ခေါက်ဘယ်သွားကြမှာလဲဟင်"

"တီချယ်တို့ လောလောဆယ်တော့ ပုဂံညောင်ဦး သွားဖို့စီစဉ်ထားတယ် မြန်မာစာဌာနက ဆရာတွေနဲ့ ကျောင်းသားတွေရော တခြားမေဂျာ တွေပါ ပါမယ်ထင်တယ်"

ယနေ့မှာDreamland University ရှိကျောင်းသူ ကျောင်းသား အားလုံး၏အပျော်ဆုံးနေ့ပင်ဖြစ်ပေလိမ့်မည် သို့ပေမည့် ပျော်ရခက်ခက် မပျော်ရခက်ခက် ဖြစ်နေသူမှာ သက်ရှင်နှောင်းပင်

"ဟင်းးး ပြန်မယ့် အချိန်တောင်ရောက်ပြီ လင်းကလဲ ဒီနေ့မှ နေမကောင်းဖြစ်ရတယ်လို့ ငါကဘယ်သူနဲ့ ပြန်ရမှာလဲ ဘတ်စ်ကားစောင့်ရတာလဲ ပျင်းစရာကြီး"

Uni ရှေ့မှ တရုတ်စကားပင်နားမှာ ခဏရပ်ကာရှင်နှောင်းတစ်ကိုယ်ထဲ ငြီးငြူပြီး ဘတ်စ်ကားစီးရမည့် မှတ်တိုင်သို့ ထွက်လာခဲ့တော့သည်

"အဟင်း အဟင်း"

"ဘာလဲ ဘာအဟင်းလဲ"

"မင်း တစ်ယောက်ထဲပဲလား လရောင်လင်းဆိုတဲ့ မင်းသူငယ်ချင်းရော"

"တစ်ယောက်ထဲ မမြင်လို့ နှစ်ယောက်မြင်နေတာလားမင်းမျက်စိထဲမှာ မင်းမျက်မှန် တပ်ဖို့လိုနေပြီထင်တယ်နော် စိုင်းခမ်းနောင်"

သက်ရှင်နှောင်း မှတ်တိုင်မှာ ထိုင်နေသည်ကို တွေ့သောခမ်းနောင်မှာ သူ့ကိုယ်သူတောင် မသိလိုက်ဘဲ ခြေလှမ်းများဟာ ရှင်နှောင်းဆီ ရောက်နှင့်ချေပြီ။

"မပင်ပန်းဘူးလား"

"ဘာကိုလဲ"

"နာမည်အပြည့်အစုံ ခေါ်ရတာလေ"

From the mountain to the sea Where stories live. Discover now