အလိုမကျမှုများစွာနဲ့ တင်းမာနေတဲ့မျက်နှာထား၊
မျက်တောင်ခတ်ခြင်းအလျင်းမရှိ အေးစက်ပြင်းထန်သော ကြောက်မက်ဖွယ်အကြည့်များ ပစ်လွှတ်နေသည့်
စူးရှရှမျက်ဝန်းတစ်စုံ။jungkookသည် စားပွဲပေါ်မှ whiskyခွက်အား အားပါပါကိုင်ရင်း အကုန်မော့ချလိုက်သည်။
isabella's islay wisky၏ ချောမွတ်ပြင်းရှသောထိပ်တန်းအရသာသည် လည်ချောင်းအတွင်းသို့ပူလောင်စွာစီးဆင်းသွား၏။
ကုတ်အင်္ကျီထဲမှ M9pistolအား ခပ်တင်းတင်းဆုပ်ကိုင်လိုက်မိသည်အထိ မျက်စိရှေ့ကမြင်ကွင်းက စိတ်အနှောင့်အယှက်ပေးလွန်းသည်။
သွက်လက်သော ခြေလှမ်းကျယ်တို့သည် ရှေ့မှလူအုပ်အားဖြတ်ကျော်ကာ စက္ကန့်ပိုင်းအတွင်း သွားလိုရာသို့ရောက်သွား၏။"jungkook!! ဘယ်လိုလုပ် ဒီကို....
စကားမဆုံးခင် နှုတ်ခမ်းပေါ်သို့ဖိကပ်လိုက်သည့် လက်ညှိုးကြောင့် hoseokစကားလုံးတို့ပျောက်ဆုံးသွားရ၏။
"ထိုင်လို့ရတယ်မလား"
hoseokခေါင်းညိမ့်ပြလိုက်၏။
"ဘယ်သူလဲ"
hoseokနဘေးမှ အမျိုးသမီးငယ်သည် ခပ်တိုးတိုးမေးလာသည်။
ပြောင်လက်နေသော နက်ပြာရောင်ဂါဝန်ကျပ်ကျပ်နှင့် ထိုအမျိုးသမီးသည် ခြေထောက်ကိုချိတ်ထိုင်ထားသဖြင့် သူမ၏ပေါင်သားများသည် လူမြင်ကွင်း၌ဖော်ပြထားပြီးသား ဖြစ်လျက်။hoseokသည် သူမ၏အမေးအား လစ်လျုရှုလိုက်ပြီး
jungkookဘက်သို့လှည့်ကာ"ဘယ်လိုရောက်လာတာလဲ"
"ကျွန်တော်ပိုင်တဲ့ clubပဲကို"
ခပ်ပြုံးပြုံးလေးဆိုလာတဲ့ jungkookစကားကို
သြော် တစ်လုံးသာသူတုံ့ပြန်လိုက်၏။"သွားစရာရှိတယ် လိုက်ခဲ့ပေး"
"ဟမ်!!"
"မရဘူးလား မရရင်စိတ်ဆိုးမယ်ထင်တယ်"
"အခုကဧည့်သည်တွေ့နေတယ်လေ နောက်မှသွားတာပေါ့"
"မရဘူး အခုလိုက်ခဲ့မှရမယ်Mr.jung"
hoseok သူ့အားမျက်စောင်းထိုးကာ ကြည့်လိုက်၏။
အလိုက်မသိသော ကိုယ်တော်ချောက ဧည့်သည်ရှိလည်း အပါခေါ်မှာပဲဆိုသည့် အကြည့်များနှင့် ပြန်ကြည့်လေသည်။

YOU ARE READING
Innocence But Devil [Hiatus]
Fanfictionလေပွေရိုင်းလေး မင်းက ငါ့အသဲနှလုံးကို တစ်စစီ ခြေမွှပစ်မဲ့ လေပွေရိုင်းလေး