11

243 39 11
                                    

တစ်ပတ်အကြာတွင် သူတို့နှစ်ယောက်သား
ကိုရီးယားသို့ ပြန်ရောက်ခဲ့ကြ၏။

"ဘယ်လိုလဲ ဒီတစ်ခေါက်အလုပ်ကိုရော
လုပ်ချင်စိတ်ရှိရဲ့လား"

hoseokက သူ့အားmissionတစ်ခုထပ်ပေးပြန်သည်။
သွေးထွက်သံယိုကိစ္စတွေမပါပဲ သိပ်လွယ်ကူသော
missionတစ်ခုဖြစ်သော်ငြား jungkookချက်ချင်းလက်မခံသေး။

"အင်း ဒါပေမယ့် အပေးအယူရှိတယ်"

"အပေးအယူ?"

jungkookက အဓိပ္ပါယ်ပါတဲ့အပြုံးတစ်ခုပြုံးပြလာ၏။
ထိုအပြုံးရဲ့ အဓိပ္ပါယ်ကို hoseokကောင်းကောင်းနားလည်လေသည်။
တစ်ခုခုကို စိတ်ပုတ်တော့မယ့် အပြုံးမျိုး။

"ကျွန်တော် ခင်ဗျားကိုနမ်းချင်တယ်"

"ဘာ!!"

"ဒီmissionအောင်မြင်သွားရင် ကျွန်တော်ခင်ဗျားဆီက
အနမ်းတစ်ပွင့်လိုချင်တယ် ဘယ်လိုလဲ ဖြစ်ရဲ့လား"

"သောက်ရေးမပါတာ မင်းရူးနေလား"

hoseok မျက်နှာတစ်ပြင်လုံးနီရဲလာကာ အတော်လေးစိတ်ဆိုးသွားမိ၏။
ဘယ်လိုတောင်မဖြစ်နိုင်တဲ့စကားတွေလဲ။
jungkookရူးသွားတာမဟုတ်ဘူးလား။

"ကျွန်တော်Kang Groupရဲ့ တဝက်ကိုမလိုချင်ဘူး
ခင်ဗျားဆီက အနမ်းတစ်ပွင့်ပဲလိုချင်တယ်
ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားအတွက် အကျိုးမယုတ်ပါဘူး သေချာစဥ်းစားနော်"

jungkookက သူ့အားအနေရခက်အောင် အမြဲလုပ်လေ၏။
hoseokသူ့ရဲ့လည်ဂုတ်ကိုသာ တွင်တွင်ပွတ်နေမိတော့တယ်။
အပေးအယူကအရမ်းတန်လွန်းနေတယ် မထင်ဘူးလား။
Jungkookက Kang Groupတစ်ခုလုံးအား သူ့လက်ထဲသို့ရောက်အောင်လုပ်ပေးပြီး ထိုအရာအတွက် သူပြန်ပေးဆပ်ရတာ အနမ်းတစ်ပွင့်ထဲလား။

"မင်းငါ့ကို ကြိုက်နေတာလား"

jungkookက ဟက်ခနဲတချက်ရယ်ကာ
သူ့အားပြုံးပြပြန်သည်။

"အင်း ကြိုက်နေတာထက်ပိုလာပြီထင်တယ်"

အနမ်းတစ်ပွင့်သာလိုချင်မိတာ အမှားတော့မဖြစ်ဘူးထင်လေရဲ့။
ပေးဆပ်ခဲ့သမျှဟာ အဲ့ဒီလူဆီကအနမ်းလေးတစ်ချက်လောက်တော့ ရယူဖို့တန်လေတယ်မဟုတ်လား။

Innocence But Devil [Hiatus]Where stories live. Discover now