13

260 44 16
                                    

"သူဌေးjungနဲ့တွေ့ချင်လို့ပါ"

ဝန်ထမ်းအမျိုးသမီးသည် စူးစမ်းလိုသောအကြည့်များနှင့် အကဲခတ်လိုက်ပြီး။

"ကြိုချိန်းထားတာလားရှင့်"

"မချိန်းထားဘူး"

အမျိုးသမီး၏မျက်ခုံးများမြင့်တက်သွား၏။
ညိုမောင်းသောအသားအရေနှင့် တစ်ကိုယ်လုံးအပြည့်ဖုံးအုပ်ထားသော tattooများ။
အတော်အတန်ရှည်သော အရပ်နှင့် သန်မာကျစ်လစ်သောကိုယ်ခန္ဓာ။ အနက်ရောင်ဝတ်စုံပြည့်နှင့် ထိုလူသည် လူမိုက်အသွင်အပြင်အပြည့်နှင့်။

"ခနစောင့်ပါ သူဌေးကိုဖုန်းဆက်ပေးပါမယ်"

ခနအကြာတွင် သူဌေးjungကရုံးခန်းအတွင်းမှ တံခါးဖွင့်ကာ ထွက်ပေါ်လာခဲ့တော့၏။
ထိုလူကိုမြင်တော့ တစ်ချက်မျှသာကြည့်ပြီး နားနေခန်းရှိဆိုဖာဆီသို့ ဦးတည်ကာလျှောက်သွားလိုက်သည်။

"jung hyunsooလွှတ်လိုက်တာ"

ခပ်ပြတ်ပြတ်ထောင့်မကျိုးသည့် စကားသံကhoseokနားထဲ ကန့်လန့်ဝင်ချလာ၏။

"စကားကိုယဥ်ယဥ်ကျေးကျေးပြောဖို့ မင်းကိုhyunsooမသင်ထားဘူးလား"

"sorry ကျွန်တော် ကိုရီးယားစကားသေချာမပြောတတ်သေးလို့ပါ"

hoseokက ထိုလူရဲ့လက်ထဲကစာရွက်စာတမ်းတွေနှင့် အနက်ရောင်လည်သာအိတ်ကို ယူလိုက်ပြီး

"Greyမဟုတ်လား Jeon Groupက"

"ဟုတ်ပါတယ် hyunsooနဲ့ကိစ္စလေးနည်းနည်းရှိလို့ပါ"

Greyက နောက်ကိုလှန်တင်ထားတဲ့ သူ့ရဲ့ဆံပင်ရှည်တွေကို သပ်တင်လိုက်ပြီး သူဌေးjungအား ခါးကိုင်းလျက်နှုတ်ဆက်လိုက်၏။
jung hyunsooဆီသို့ သူ့ချဥ်းကပ်နေရသည့်အကြောင်းသည် သခင်လေးjeonပေးထားသော တာဝန်တစ်ခုကြောင့်သာဖြစ်သည်။
ထိုကိစ္စသည် ​hyunsoo၏ လျှို့ဝှက်တည်ထောင်ထားသော မူးယစ်ဆေးထုတ်လုပ်သည့် စက်ရုံအား ဖျက်စီးပစ်ရန်ဖြစ်လေ၏။
ထိုစက်ရုံမှ မူးယစ်ဆေးအရောင်းအဝယ်ကိစ္စများသည် သခင်လေးjeon၏ လုပ်ငန်းတစ်ချို့အား ခနခနဝင်ရှုပ်၍နေသည်။
သခင်လေးjeonသည် မူးယစ်ဆေးနှင့် စီးပွားရှာသောကိစ္စများနှင့် တစ်စက်မျှငြိစွန်းခြင်းမရှိခဲ့သူမို့ သူ့နယ်မြေထဲ၌ လျှို့ဝှက်တည်ထောင်ထားသော hyunsoo၏ မူးယစ်ဆေးလုပ်ငန်များအား အမြစ်ဖြတ်ရန်လိုအပ်ပေသည်။

Innocence But Devil [Hiatus]Where stories live. Discover now