"သောက်သုံးမကျလိုက်တာ မင်းကားကိုယူသွားတာ မင်းမသိဘူးပေါ့"
Danielသည် ခေါင်းကိုကြမ်းပြင်နှင့်ထိလုမတတ် ငုံ့ထားသည်။ သူ့ပုံစံက ချက်ချင်းကိုထိုင်ရှိခိုးတော့မဲ့ပုံစံ ငို့မဲ့မဲ့နှင့်။
"မနက်အစောကြီး ကျွန်တော်အိပ်ပျော်နေတဲ့အချိန် ထွက်သွားတာဆိုတော့ ကျွန်တော်လည်း...
ခွပ်!!!
Daniel မေးရိုးပင်ပြုတ်ထွက်လုမတတ်ခံစားလိုက်ရသော်လည်း မျက်နှာတစ်ချက်ကလေးမှ မပျက်ရဲပေ။ Victorက Danielအထိုးခံရသည်ကိုမြင်တော့ သူပါလန့်သွားကာ မျက်စိပျက်မျက်နှာပျက်ဖြစ်တော့သည်။
"တောက်!!! သောက်ကျိုးနည်းကွာ ငါဘာတွေလုပ်လိုက်မိလို့ အဲ့လောက်စိတ်ဆိုးသွားရတာလဲ"
"ကျွန်တော်ချက်ချင်းသွားရှာလာခဲ့ပါ့မယ် သခင်လေး"
Victorက ချက်ချင်းပြေးထွက်သွားသည်နှင့် Danielပါနောက်ကပြေးလိုက်ရတော့သည်။
ခွမ်း!!!
Jungkookစိတ်အလိုမကျစွာဖြင့် စားပွဲပေါ်ကပန်းအိုးကို ပစ်ပေါက်ခွဲပစ်လိုက်၏။
ဟန်နီခင်ဗျားဟာလေ ဘာမဟုတ်တဲ့မိန်းမတစ်ယောက်အတွက်နဲ့များ ကျွန်တော့်အပေါ် ဒီလောက်ထိလုပ်ရက်ရတယ်လို့။
Jungkookအသည်းထဲမှာ စိုက်ဝင်နေသောစူးက မျက်ခနဲနာကျင်လာသည်။
ဟန်နီ....ဟန်နီ.. အဲဒီသက်ရှိနာမ်ကလေးဟာ သူ့အသည်းနှလုံးကို မွကြေနေအောင် ချေမွှပစ်ဖို့အတွက် ဖြစ်တည်လာခဲ့တာ။jungkookတညလုံး လူးလှိမ့်ကာ သီးခံနေခဲ့ရသည်။
ဟန်နီ့ကို သူပစ်ထားလိုက်အုံးမည်ဆိုသော ဒေါသစိတ်နှင့် တစ်ညလုံးမဆက်သွယ်ပဲနေခဲ့တဲ့ အကျိုးဆက်ကို သူပူလောင်စွာ ခံစားနေရပြီဖြစ်သည်။
ခြေရာခံလို့မရအောင် cardတွေရောဖုန်းပါ ထားပစ်ခဲ့သည့်အပြင် ကားပါမယူသွားခဲ့ပေ။
အကြောင်းတော့မရှိ ဟန်နီဘယ်နေရာရောက်နေပါစေ သူရေအဆုံးမြေအဆုံး လိုက်ရှာနိုင်သော အစွမ်းအစရှိနေသည်မလို့ပင်။.
.
.
.
.
.'တွဲချင်တဲ့သူနဲ့တွဲ ကျွန်တော်ကလွဲပြီး ဘယ်သူ့ကိုမှချစ်မိသွားလို့မဖြစ်ဘူးနော်'

YOU ARE READING
Innocence But Devil [Hiatus]
Fanfictionလေပွေရိုင်းလေး မင်းက ငါ့အသဲနှလုံးကို တစ်စစီ ခြေမွှပစ်မဲ့ လေပွေရိုင်းလေး