"သွားတော့မယ်ဟန်နီ"
Hoseokက ခေါင်းညိမ့်ပြလိုက်သောအခါ Jungkookက ကားပေါ်သို့အထုပ်အပိုးများတင်နေတော့၏။
သည်တစ်ခါဝေးရရင်ဖြင့် တစ်သက်များဖြစ်နေမလား ဆိုတာ စိတ်ပူမိပါရဲ့။"ခနလေး"
Hoseokက သူဝတ်ထားသော မီးခိုးရောင်sweaterအား ချွတ်ကာ Jungkookအားဝတ်ပေးလိုက်သည်။
"ဒီလောက်အေးနေတာ t shirtနဲ့ သူရဲကောင်းလုပ်မနေနဲ့"
Jungkook ပြုံးလိုက်သောအခါ သူ့နှုတ်ခမ်းထောင့်ရှိ အနာအား သတိထားလိုက်မိသည်။ Hoseok အပစ်မကင်းသည်မို့ စိတ်တော့သိပ်မကောင်း။
"Jungkook"
"ပြောလေ ဟန်နီ"
"တောင်းပန်ပါတယ် အရင်နေ့က ငါ့စကားတွေလွန်သွားတယ်"
ခပ်ပြုံးပြုံးလေးတည်ရှိနေတဲ့ Jungkook ပုံစံလေးက အေးချမ်းနေသည်။
Hoseokက သူ့ကိုဖက်လိုက်သောအခါ သူကလည်းတင်းကျပ်စွာ ပြန်လည်ဖက်လာခဲ့သည်။
ရူးကြောင်ကြောင်တွေ လုပ်မိမှန်း သိနေပေမယ့် Hoseokသူ့ကို ဖက်ထားချင်သေးသည်။"ဂရုစိုက်"
ရှက်ရွံ့စွာဖြင့် သူလည်ပင်းသူအကြိမ်ကြိမ်ပွတ်နေမိတုန်း ပါးပြင်ပေါ်သို့ကျရောက်လာသော ပူနွေးစိုစွတ်တဲ့အထိအတွေ့။
Jungkookက သူ့ပါးနှစ်ဖက်လုံးကို မွတ်သိပ်စွာနမ်းခဲ့သည်။"အရမ်းလွမ်းနေရင် ဖုန်းဆက်လိုက်နော် ကျွန်တော့်အပေါ်တော့မာနမထားပါနဲ့ဟန်နီရာ ကျွန်တော်ရူးလိမ့်မယ်"
"အခုလည်းအရူးပဲဟာကို ဘာကိုရူးလိမ့်မှာလဲ သွားတော့ တစ်လလောက်ခရီးသွားရတာကို အရမ်းဇာတ်နာပြမနေနဲ့ကွာ"
Hoseokက ဆူပူကြိမ်းမောင်းလိုက်တော့မှ ကားပေါ်တက်သွားသည့် Jungkookရယ်ပါ။
"တွဲချင်တဲ့လူနဲ့တွဲ ဒါပေမယ့် ကျွန်တော်ကလွဲပြီး ဘယ်သူ့ကိုမှချစ်မိသွားလို့ မဖြစ်ဘူးနော် အဲ့လိုသာဆို ကျွန်တော် လူသတ်မှုနဲ့ ထောင်ထဲရောက်သွားလိမ့်မယ်"
"သွားခါနီးကို ဘာပေါက်ကရတွေပြောနေတာလဲ သောက်ရူးကောင် စိတ်ဖြောင့်ဖြောင့်နဲ့သာသွားစမ်းပါ ငါ့အကြောင်းတွေးမနေနဲ့ တစ်လပဲနော် တစ်လကျော်သွားရင် ငါမင်းနောက်လိုက်လာမှာ အကြာကြီးမနေနဲ့"

YOU ARE READING
Innocence But Devil [Hiatus]
Fanfictionလေပွေရိုင်းလေး မင်းက ငါ့အသဲနှလုံးကို တစ်စစီ ခြေမွှပစ်မဲ့ လေပွေရိုင်းလေး