9

238 29 5
                                    

Danielသည် ဆေးရုံကုတင်ထက်၌ လဲလျောင်းကာ အနားယူလျက်ရှိ၏။
ခြေသလုံးကိုမှန်သည့် ကျည်တောင့်ကြောင့် Daniel အတော်လေးဆေးကုသယူလိုက်ရသည်။
ကံကောင်း၍ ရှပ်ထိသည်မို့သာတော်သေး၏ အခန့်မသင့်လျှင် တစ်သက်တာလုံး ဒုက္ခိတဖြစ်သွားနိုင်သည်လေ။
Daniel ကတော့ သွေးတွေရွှဲစိုနေတဲ့ အဲ့ဒီမကောင်းဆိုးဝါးရဲ့ ကြောက်စရာမျက်လုံးတွေကို
သေမတတ်ကို မှတ်မိနေတော့တာပါပဲ။
သူ့အသားအားနာကျင်စေသည့် ထိုမကောင်းဆိုးဝါးအား
အခွင့်ရလျှင် ပြန်၍ကလဲ့စားချေလိုသည်။

"မင်းကို ပစ်သွားတာ Greyပဲ Jeon Jungkookရဲ့
လူယုံတစ်ယောက်ပေါ့"

hoseokက သစ်သီးပန်းခြင်းကို ဖွင့်ဖောက်နေရင်း
စကားစ၏။

"Grey!!"

"အင်း က​လဲ့စားချေတာမျိုး အသုံးမဝင်တာတွေ
လုပ်မနေနဲ့ ဒီအတိုင်းကျော်သွားပေး
တောင်းပန်ခိုင်းမှာမို့ ကျေအေးပေးလိုက်"

"ဟုတ်ကဲ့ပါ သူဌေး"

"ခရီးသွားစရာရှိတယ် ဖုန်းလည်းယူသွားမှာမဟုတ်လို့
ဥက္ကဌကြီးမေးရင် ခရီးထွက်နေတယ်ပြောပေး"

"ကျွန်တော်လိုက်ခဲ့ပါမယ် သူဌေးjung"

"မလိုဘူး မင်းဒဏ်ရာသာမင်းဂရုစိုက်"

Daniel သူဌေးjungအား များစွာအားနာမိလေသည်။
ခိုင်းတဲ့ကိစ္စကို အောင်မြင်အောင် မလုပ်နိုင်တဲ့အပြင်
ဒဏ်ရာပါရလာသေးသည်လေ။
အခုလည်း သောက်ကျိုးနည်း သေနတ်ဒဏ်ရာကောင်းမှုနဲ့ သူဌေးjungအား မကူညီပေးနိုင်တော့ပြီ။

"ဒါဆို ဟို.. ဟိုသခင်လေးနဲ့သွားမှာလား"

"မင်းနဲ့မဆိုင်ဘူး"

hoseokက အသီးခြင်းထဲက ပန်းသီးနှစ်လုံးကိုင်ကာ
ဆေးရုံခန်းထဲမှ ထထွက်သွားတော့၏။
Danielက သူ့သူဌေးကိုငေးကြောင်းကြည့်ရင်း ကုတင်ပေါ်ငုတ်တုတ်လေး ထိုင်လို့ရယ်။
အသီးတွေက လူနာသတင်းမေးရင်း လက်ဆောင်ယူလာတယ်ထင်နေတာ။

____________________________________

ညနေflightနဲ့ Las Vegasသို့ သွားရန် တိတ်တဆိတ်စီစဥ်ခဲ့သည်။
Danielကိုပင် လုံးဝအသိပေးခြင်းမရှိခဲ့။
အစပိုင်းတုန်းက ဤအလုပ်အား Jungkookနှင့်အတူ
လုပ်ဖို့ရာ စီစဥ်ထားသော်လည်း jungkook၏ အချိုးမပြေသော အပြုအမူများကြောင့် အစီအစဥ်အားဖျက်ပစ်လိုက်၏။
အဲ့ကြေးစားကောင်က သူ့ကိုယ်သူ အရမ်းတော်အရမ်းတတ်တယ်လို့အထင်မှားပြီး ဘဝင်မြင့်နေလိုက်တာ hoseokစိတ်ထဲမှ အတော်လေးအချဥ်ပေါက်မိသည်။
သူ့ကိုယ်သူ Jung hoseokလက်ကို ပြတ်သွားစေနိုင်တဲ့ ဓားတဲ့လား။ အဲ့ကြေးစားကောင်က သူပြောသလို ဓားတစ်ချောင်းဖြစ်နေရင်တောင် သံချေးကိုက်ပြီးသုံးစားမရတဲ့ ဓားအတုံးဖြစ်မှာပဲ။

Innocence But Devil [Hiatus]Where stories live. Discover now