22

246 39 9
                                    

ခန်းမထဲရှိ လူစုလူဝေးကို ကြည့်ပြီး Hoseok အငွေ့ပျံချင်သွားသည်။
အနက်ရောင် Suiteအကောင်းစားတွေနဲ့ Italian တစ်အုပ်ကို မြင်ရုံနဲ့ Hoseokခန္ဓာကိုယ်တစ်ခုလုံး သေးငယ်သွားသလို ရှိန်မိသွား၏။
Italian တွေရဲ့မိသားစုဝင်တွေများမှန်းသိပေမယ့် ခန်းမတစ်ခုလုံး အပြည့်ဖြစ်နေလောက်မည်ဟုတော့ Hoseokတွေးမထားခဲ့။
Jungkookနှင့် သူဝင်လာတာနဲ့ ဦးညွှတ်ကာနှုတ်ဆက်ကြသည့် လူအုပ်ထဲတွင် အသက်ကြီးကြီးအမျိုးသားများလည်း ပါဝင်နေသည်မို့ အားနာစိတ်ဖြစ်သွားမိသည်။

"jungkook"

သူက ခပ်တိုးတိုးအသံပြုလိုက်မိတော့ Jungkookက သူ့လက်အား ဆုပ်ကိုင်လာသည်။
ချွေးစေးတွေပျံနေတဲ့ သူ့လက်ဖဝါးတွေကို ထိတွေ့မိသွားတော့ Jungkookက ပြုံး၍ကြည့်ပါသည်။
သူ့ပုံစံက ဆွေပြမျိုးပြခေါ်သွားခံရတဲ့ ချွေးမလောင်းလေး တစ်ယောက်လိုမျိုး ရှက်သွေးဖြာနေမိတာ။
သေစမ်း Jung Hoseok ဒါကဘာအတွေးကြီးလဲ။

"ကျွန်တော်ရှိတယ်လေ"

ရှည်လျားပြီး ​ကျယ်ပြန့်တဲ့ ကျွန်းနက်စားပွဲကြီး၏ ထိပ်တည့်တည့်တွင် Jungkookက နေရာယူပြီး သူ့ကိုတော့ဘေးနားကပ်လျက် ခုံတွင်ထိုင်စေ၏။

Hoseokရှေ့မှ ဖန်ခွက်အလွတ်ထဲသို့ အမျိုးသားတစ်ဦးက အနီရောင်အရည်များထည့်ပေးပြီးနောက် sunkist fruit တစ်စိတ်ကိုပါခွက်ထဲသို့ထည့်ပေး၏။
Hoseokက ဘာလုပ်လို့လုပ်ရမှန်းမသိ မှင်သက်နေမိတုန်း ထိုအမျိုးသားကပင် စကားစလာ၏။

"Campari  italyရဲ့ နာမည်ကျော် သောက်စရာတစ်ခုပဲ
စမ်းကြည့်လေ"

Hoseokက အနည်းငယ်မြည်းစမ်းကြည့်သည်။
အဝင်ကတော့အနည်းငယ်ဆိုးသော်လည်း Hoseokကြိုက်မိသည်။
ခါးပြီးစပ်သည် တဖြည်းဖြည်းချင်း ချိုမြလာသောအရသာက သူသောက်နေကြ whiskeyတွေနဲ့ ကွာခြားလှ၏။

"Jeon Carloပါ"

"Jung Hoseok"

ခန်းမထဲကလူတွေအားလုံး မျက်နှာသေတွေနှင့်ထိုင်နေကြသည်။
Jungkookက မိသားစုတွေ့ဆုံပွဲလို့ပြောပေမယ့် ဒါကအသုဘအခမ်းအနားတစ်ခုနဲ့ သိပ်မခြားနား။
သူ့ကိုအကဲခတ်နေကြတဲ့ မျက်လုံးစူးစူးတွေကို Hoseokအာရုံနောက်စပြုလာပြီ။

Innocence But Devil [Hiatus]Where stories live. Discover now