28

198 37 28
                                    

Hoseokသည် Seoulပြန်ရောက်သည်နှင့် အချိန်မှန်မှန်Ace Barသို့ သွားလျက်ရှိ၏။
နေ့စဥ်လုပ်ငန်းဆောင်တာများကို ပုံမှန်လုပ်ပြီးလျှင် ညနေစောင်းတွင် မြို့ပတ်ကာ ကားမောင်းထွက်တတ်သည်။ အဲဒါပြီးလျှင်တော့ ညဦးပိုင်းတွင်အိမ်ပြန်ကာ လုပ်စရာရှိသည်များလုပ်ပြီးသည်နှင့် ညနည်းနည်းနက်လာသည်နှင့် ဝတ်စားပြင်ဆင်ပြီး Ace Barသို့ ထွက်သွားတတ်သည်။
Jungkookကတော့ ဘယ်တွေသွားပြီး ဘာတွေလုပ်နေလဲ သူမသိပေ။ သိလည်းမသိချင်ပါ။
သူနဲ့ မျက်နှာချင်းဆိုင်ဖို့တောင် မအားတဲ့လူအကြောင်းကို စိတ်မဝင်စားတာ ပုံမှန်ပဲမဟုတ်လား။
သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက သိပ်အလေးထားစရာဟုတ်မနေခဲ့။

Black Leather Jacketနှင့် Blue Jeanက သိပ်လိုက်ဖက်လွန်းပြီး တစ်နေ့ကမှအသစ်ဆိုးထားသော Blonde Hairပါ ထပ်ပေါင်းဖြည့်လိုက်တော့ Hoseokက Clubတစ်ခုမှာ အထင်ရှားဆုံးဖြစ်ပြီး အာရုံအစိုက်ခံရဆုံးပင်။

Ace Barမှာ သူjungkookနဲ့မပက်သက်ခင်ကာလတွေမှာထဲက သူကVIPဧည့်သည်ဖြစ်ခဲ့၏။
အခုတော့ သူက ဒီClubရဲ့ပိုင်ရှင်ဖြစ်နေခဲ့ပြီ။
Jungkookရဲ့ ပိုက်ဆံတွေနဲ့ သူသုံးဖြုန်းနေတာက ကို့ရို့ကားယားနိုင်ပေမယ့်လည်း သူကတော့တန်သည်ဟုထင်၏။ သူ့တစ်ဘဝလုံး ပေးခဲ့ပြီးမှတော့ ဒီလောက်တော့ပြန်ရသင့်သည်မဟုတ်လား။

"ဘာပေးရမလဲ ဧည့်သည်ရှင့်"

Bartender ကောင်မလေးက မေးတော့ Hoseokမျက်မှောင်ကြုတ်လိုက်မိသည်။
အမြဲသောက်နေကြအတိုင်းမပေးပဲ ဒီနေ့မှစကားရှည်နေသော သူမကို Bonusဖြုတ်အုံးမည်ဟုတွေးလိုက်သေး၏။
မော့ကြည့်လိုက်သောအခါမှ Bartenderကောင်မလေးသည် လူသစ်ဖြစ်နေခြင်းပင်။

"Glenfiddich 18"

Bartenderကောင်မလေး၏ ကြက်သွေးရောင်နှုတ်ခမ်းနီသည် သူမ၏အနီရောင်ဆံပင်ရှည်နှင့်လိုက်ဖက်နေသည်။
Shirtအဖြူကို လက်ခေါက်တင်ထားကာ ရင်ဘတ်ကြယ်သီးတွေကို အတော်လေးဟထားသော သူမသည် သူမ၏ဖွံဖြိုးမှုကို လူမြင်စေချင်ဟန်တူပါသည်။

"အသစ်ထင်တယ်"

Hoseokကမေးလိုက်သောအခါ သူမကငြင်သာစွာ ပြုံး၍ ခေါင်းညိမ့်ပြ၏။
မရည်ရွယ်ပါသော်လည်း Hoseok၏ အာရုံတော်တော်များများကို ထိုအမျိုးသမီးက ဆွဲဆောင်လိုက်နိုင်ပါသည်။

Innocence But Devil [Hiatus]Where stories live. Discover now