40

265 29 9
                                    

"သူဌေးရယ် ခြေသလုံးကို ဟောသလိုဖက်ပြီးတောင်းပန်ပါတယ် အိမ်ပြန်လိုက်ပါဗျာ နော် သူဌေး "

ခြေသလုံးဖက်ကာ Dramaခင်းနေတဲ့ Danielကို ကန်ထုတ်ပစ်လိုက်၏။
ပြီးနောက် Daniel တိုက်ခန်းတွင်းသို့ အတင်းဝင်လာကာ ဧည့်ခန်းဆိုဖာပေါ် ပစ်လှဲလိုက်တော့သည်။

"ငါဒီမှာအိပ်မလို့"

"မသင့်တော်ပါဘူး သူဌေးရယ် ကျွန်တော့်ကိုသနားရင် ပြန်လိုက်ပါနော် တော်ကြာသခင်လေးသိရင် ကျွန်တော်အသတ်ခံရလိမ့်မယ်"

"သောက်ကောင် ငါကမင်းကိုဘာကိစ္စနဲ့ သနားပေးရမှာလဲ မင်းယောက်ဖနဲ့ပေါင်းတုန်းက ပေါင်းထားပြီး ငါ့ကိုအရူးလုပ်ခဲ့သေးတာပဲ ဘာအခုမှကြောက်နေတာလဲ နားငြီးတယ် ပါးစပ်ပိတ်ထား"

Danielသည် စိတ်ပျက်စွာဖြင့် သူ့နောက်စေ့ကိုသာ တွင်တွင်ပွတ်နေမိတော့သည်။
သူဘယ်လိုလုပ်ရတော့မလဲ။ သခင်လေး jeonသိရင် သူ့ကိုပြဿနာရှာလိမ့်အုံးမည်ဖြစ်ပြီး သူ့ရဲ့ထိန်းမနိုင်သိမ်းမရ သူဌေးလေးကတော့ ခေါင်းမာတတ်လွန်းသည်မလို့ သူလည်းမတတ်နိုင်တော့ပြီ။

"သူဌေးရယ်....အာ့

Daniel စကားစမလို့ကြံရွယ်ရုံသာရှိသေးသည် သူဌေးjungက သူ့ရဲ့ဂတုံးဆံပင်ပေါက်ကို မရမကဆွဲတော့တာပဲ။

"မင်းပါးစပ်ပိတ်ထားစမ်း မပိတ်ရင် မင်းဆံပင်တစ်မွှေးမှမကျန်အောင် ဆွဲနှုတ်ပြမယ်Daniel ငါဒီတစ်ညပဲအိပ်မှာ"

"မနက်ကြရင် သခင်လေးjeonဆီ ပြန်မယ်မဟုတ်လားဟင် သူဌေး"

"ပြန်စရာဘာသောက်ကြောင်းမှကိုမရှိတာ အဲ့ကောင်နဲ့ငါ ဇာတ်လမ်းပြတ်ပြီပဲ"

.
.
.
.
.
.
.
.

ဟန်နီမရှိတော့ ညစာကိုဖြစ်သလို ခေါက်ဆွဲသာပြုတ်ရတော့သည်။
နာရီပိုင်းလောက်နေရင် ပြန်လာမှာပါလို့ သူထင်ခဲ့မိပေမဲ့လို့ သူ့ဟန်နီက ညသန်းခေါင်ယံထိပြန်ရောက်မလာခဲ့ပေ။
jungkook စိတ်အလိုမကျစွာဖြင့် ပန်းကန်လုံးထဲမှ လက်ကျန်ခေါက်ဆွဲပြုတ်ဟင်းရည်ကို​ မော့ချလိုက်တော့သည်။

အဟွတ်!! အဟွတ်!!

စိတ်အာရုံကအိမ်ပြန်မလာသော ခင်ပွန်းထံတွင်သာရှိနေသည်မို့ ဘာလုပ်လုပ်သောက်တလွဲစဖြစ်တော့သည်။
ခေါက်ဆွဲပြုတ်ဟင်းရည်သီးပြီးနောက် ရေဘူးကိုအမြန်ဖွင့်တော့ ရေဘူးကကြမ်းပေါ်ပြုတ်ကျကာ ရေများဖိတ်စင်သွားပြန်သည်။
Shit!! ဟန်နီမရှိလို့မဖြစ်တဲ့ကောင်မှန်းသိရက်နဲ့ ဟန်နီကပစ်ပစ်ခါခါလုပ်သွားရက်တယ်။

Innocence But Devil [Hiatus]Where stories live. Discover now