"Grey"
"ဘာကိစ္စရှိလို့လဲ သခင်လေးကအိမ်မှာမရှိဘူး"
"Jungkookကိုလာရှာတာ သူမရှိဘူးဆိုလည်း
သွားတော့မယ်"Greyထံမှရသော ညှီစို့စို့အနံ့တစ်မျိုးသည် အတော်လေးကို စိတ်ပျက်ဖွယ်ကောင်းလေ၏။
လူသတ်လက်နက်ကဲ့သို့သော အမဲလိုက်မုဆိုးတစ်ယောက်အား လက်သပ်မွေးထားနိုင်တယ်ဆိုပေမယ့်လည်းGreyက အန္တရယ် သိပ်များလွန်းနေတာမဟုတ်ဘူးလား။
Danielတရုတ်မှာ ဖြစ်ပွားခဲ့သည့် ကိစ္စနှင့်ပက်သက်၍ Hoseokအနည်းငယ်စုံစမ်းကြည့်ခဲ့ဖူးတာမို့ Greyရဲ့အကြောင်းတွေကို သိသင့်သလောက်တော့သိသည်။
Italyနိုင်ငံမှာ အလိုရှိဝရမ်းပြေးစာရင်းတွင် ထိပ်ဆုံး၌ရှိနေပြီး များစွာသောရာဇဝတ်မှုများကို ကျူးလွန်ထားသည့် လူတစ်ဦး။
Jeon Jungkook တစ်ကယ်ပဲ မကောင်းဆိုးဝါးတွေကိုမွေးထုတ်နေတော့တာပဲ။"ခွင့်ပြုချက်မရှိပဲ သူများအိမ်ကိုဝင်လာတာမကောင်းဘူးထင်တယ်နော် သူဌေးjung"
"ငါ့မှာခွင့်ပြုချက်ရှိပြီးသားမို့ မင်းသတိပေးစရာအကြောင်းမရှိဘူး"
"sorry ကျွန်တော်စကားမှားသွားပါတယ်
စိတ်မရှိပါနဲ့"ခပ်ညိုညိုအသားအရေပေါ်မှာ စွန်းထင်းနေတဲ့ သွေးကွက်တွေက ကြည့်မိတဲ့သူကို ကျောချမ်းသွားစေနိုင်လေသည်။ သို့ပေမယ့်လည်း Hoseokအတွက်တော့ ဒီလိုမြင်ကွင်းတွေက အထူးအဆန်းဟုတ်မနေတော့တာမို့ အသားကျနေခဲ့ပြီ။
Hoseokထိုအိမ်ထဲမှာ ထပ်နေစရာအကြောင်းမရှိတော့ပေ။ ဘာလို့ဆိုတော့ သူJungkookကိုပဲ လာရှာတာ
တစ်ခြားဘယ်အရာကိုမှ သူစိတ်ဝင်စားခြင်းရှိမနေလို့ပဲ။
ရုတ်တရက်ဆန်ဆန် ထိတ်လန့်ဖွယ်ကောင်းတဲ့ သွေးစွန်းနေတဲ့အခန်းရယ် လောလောလတ်လတ်အမဲဖြတ်ထားပုံရတဲ့ သားသတ်သမားရယ်ကို မြင်တွေ့ထားရပေမယ့် ထိတ်လန့်တုပ်လှုပ်ခြင်းအလျင်းမရှိ Hoseokက ထိုအိမ်ထဲမှ ခြေလှမ်းမှန်မှန်ဖြင့် ပြန်ထွက်လာခဲ့လေ၏။________________________________
"ကျွန်တော်ကတော့ နေရာကဖယ်ပေးဖို့ လုံးဝအစီအစဥ်မရှိပါဘူး လူကြီးမင်းLorenz"
whiskyခွက်ထဲမှ လေးထောင့်ရေခဲတုံးများနှင့် ဖန်ခွက်အတွင်းပိုင်းတို့ ထိနေရာမှ ထွက်ပေါ်လာသော အသံသည် တိတ်ဆိတ်သောအခန်းတွင်း၌ စည်းချက်မှန်စွာ ထွက်ပေါ်နေ၏။
ဖြူဖွေးနေတဲ့ ဆံပင်တွေကို စတိုင်ကျကျပုံသွင်းထားပေမယ့်လည်း ဥက္ကဌကြီးရဲ့ပုံစံက ကျက်သရေမရှိလေဘူး။

YOU ARE READING
Innocence But Devil [Hiatus]
Fanfictionလေပွေရိုင်းလေး မင်းက ငါ့အသဲနှလုံးကို တစ်စစီ ခြေမွှပစ်မဲ့ လေပွေရိုင်းလေး