34

238 42 10
                                    

ညသည် သည်းထန်သော မိုးစက်များအောက် ငြိမ်ဝပ်ပိပြားနေကာ အမှောင်ထုသည်လည်း နက်ရှိုင်းလျက်ရှိသည်။
Hoseokက မီးဖိုချောင်ထဲတွင်ရှိနေကာ ညစာစားဖို့ပြင်ဆင်နေ၏။
ပထမကြက်ဥတစ်ချပ်ကြော်ပြီးသောအခါ မေ့လျော့စွာဖြင့် ကြက်ဥနောက်တစ်လုံးထပ်ဖောက်ကာ အိုးထဲထည့်လိုက်မိသည်။
ကြက်ဥကြော်တိုင်း သူနှင့်Jungkook နှစ်ယောက်စာ အမြဲကြော်နေကြမို့ အကျင့်ပါနေခဲ့ပြီ။
အခုမှသတိရမိတာက ထမင်းကိုလည်း နှစ်ယောက်စာပြင်ထားခဲ့မိတာပါပဲ။
Jung hoseokရေ ဘာတွေဖြစ်နေတာလဲကွာ။ သတိကပ်စမ်းပါ။
Hoseokက သူ့နှဖူးသူအားပါပါရိုက်ချလိုက်ပြီး ထမင်းစားပွဲတွင် ဝင်ထိုင်လိုက်၏။
အပြင်ဘက်တွင် မိုးကသည်းထန်စွာရွာနေပြီး လေပြင်းများလည်းစတင် တိုက်ခတ်နေလျက်ရှိသည်။
အိမ်တွင်Hoseokတစ်ယောက်သာရှိပြီး မည်သူမှမရှိသည်မို့ အလွန်တရာတိတ်ဆိတ်နေသည်။
မီးဖိုခန်းမှလွဲ၍ တစ်အိမ်လုံး အမှောင်အတိဖုံးလွှမ်းလျက်ရှိသည်မို့ အနည်းငယ် ခြောက်ချားဖွယ်ရာတော့ကောင်းလှသည်။
Hoseokသူ့ဖုန်းကို ခနခနကြည့်နေမိသည်။
ဒီနေ့တော့ Jungkookက လုံးဝဖုန်းဆက်မလာတော့ပေ။
နောက်ဆုံးတော့ လက်လျှော့သွားပြီမလား။

ထမင်းနှစ်လုပ်မျှသာစားရသေးသည် Hoseokထိုင်နေရာမှ ရုတ်တရက်ထခုန်လိုက်၏။
အကြောင်းကတော့ အိမ်ဝင်ပေါက် တံခါးဆီမှ passwordရိုက်နှိပ်နေသံကို ကြားလိုက်ရသောကြောင့်ပင်။
တတောက်တောက်မြည်နေတဲ့ အိမ်တံခါးနားကို တိတ်တဆိတ်ချဥ်းကပ်သွားပြီး jungkook ပေးခဲ့သော pistolကိုပါ မောင်းတင်ထားလိုက်သည်။
အိမ်တံခါး Password ကို မှန်ကန်စွာရိုက်ထည့်လိုက်နိုင်ပြီးနောက် တံခါးကဟသွားကာ တဖြည်းဖြည်းပွင့်လာတော့သည်။
အပြင်ဘက်မှ လူရိပ်ကအိမ်အတွင်းသို့ဝင်ရောက်လာသောအခါ အသင့်အနေအထားနှင့် ထိုလူ၏ နားထင်သို့ pistolဖြင့်ထောက်လိုက်ကာ တစ်ဆက်ထဲ မီးကိုဖွင့်ချလိုက်သည်။

"f*** ငါ-ိုးတဲ့မှ Jeon Jungkook"

Hoseok လက်ထဲကpistolကို လွှင့်ပစ်ထည့်လိုက်ပြီး သူ့ဆံပင်တွေကို ထိုးဖွလိုက်၏။
မိုးရေတွေစိုနေတဲ့ Jeon Jungkookက တစ္ဆေတစ်ကောင်သဖွယ် သူ့ကိုစိုက်ကြည့်နေပြီးနောက်.

Innocence But Devil [Hiatus]Where stories live. Discover now