38

257 39 19
                                    

"ဟာ..ချီး..သွေးတွေပေကုန်ပြီလေ"

victorက လက်ကိုင်ပုဝါဖြင့် jungkook၏ shirtအဖြူတွင်ပေသွားသော သွေးများကိုသုတ်ပေးနေပေမယ့် သွေးတွေက သုတ်လေပိုဆိုးလေဖြစ်ကာ shirtအဖြူပေါ်၌ သွေးကွက်ကြီးကျန်နေခဲ့တော့၏။

"ပိုဆိုးကုန်ပြီလေ မသုတ်နဲ့တော့"

ကြမ်းပေါ်တွင်လဲကျနေသူ၏ တစ်ကိုယ်လုံး နေရာမလပ်သွေးများပေကျံနေပြီး စက်စုပ်ဖွယ်ကောင်းလှသည်။
သူ၏ဆံပင်မရှိသော ဦးခေါင်းသည်လည်း ကြမ်းပြင်နှင့်ပွတ်ဆွဲခြင်းခံရသဖြင့် ပေါက်ပြဲနေပြီး သွေးများအဆက်မပြတ် ကျဆင်းနေသည်။

"တော်ဝင်အမျိုးအနွယ်ကို ဒီလောက်ကြီးလုပ်လို့ ဘယ်ဖြစ်မလဲ Danielရ အခုတော့ကြည့်ပါအုံး သောက်ရမ်းသနားစရာကောင်းနေပြီ"

Danielက လဲကျနေသော ထိုဂတုံးပြောင်ကို ဆွဲမတ်စေလိုက်ပြီး ဒူးထောက်ထိုင်ခိုင်းလိုက်၏။

"ဟေး Mr.Lee ဘယ်လိုလဲ ကြောက်လို့လား"

ကွန်တိန်နာပုံးကြီး၏ ဘေးတွင် ကျုံ့ကျုံ့ကလေးထိုင်က တုန်ယင်နေသော Mr.Leeဘက်သို့ လှည့်ကာ Jungkookကမေးလိုက်သည်။
Mr.Leeကား ပါးစပ်ကို အဝတ်စဖြင့်အစည်းခံထားရသဖြင့် ဝူးဝူးဝါးဝါးအသံမျှသာပြုနိုင်တော့သည်။

"Hwan xingကို ကျုပ်နဲ့ရန်ငြှိုးရှိလို့ဖျက်စီးခဲ့တာမဟုတ်ဘူး ဒီအတိုင်းHwan Xingကိုက သောက်ရမ်းအားနည်းနေတာ ခင်ဗျားရောအဲ့လိုမထင်ဘူးလား"

ဓားဖြင့်ထိုးစိုက်ခံထားရသော သူ့ပခုံးကိုသူဖိထားရင်း ဂတုံးပြောင်က အလုပ်များနေသည်။ jungkookပြောသည့်စကားများကို ခွန်းတုန့်ပြန်ခြင်းမပြု။

"စီးကရက်ပေးစမ်းVictor"

စီးကရက်အား သူနှုတ်ခမ်းထက်တွင် အကျအနတပ်ဆင်ပြီးနောက် victorက မီးညှိပေး၏။
စီးကရက်မသောက်တော့ဘူးဆိုပေမယ့် ဒီလိုအခြေအနေကတော့ ခြွင်းချက်ပေါ့။
ရန်သူတစ်ယောက်ရဲ့ မချိမဆံ့သေဆုံးမှုကို စီးကရက်ဖွာရင်း ရှုစားရတာက အနှစ်သာရတစ်ခုပင်။
ဒါကို ဟန်နီလည်း နားလည်မယ်ထင်ပါရဲ့။

ခါးကြားအတွင်းမှ pistolကိုထုတ်ကာ မောင်းတင်ပြီး ထိုဂတုံးပြောင်၏ နှဖူးကိုချိန်ရွယ်လိုက်သည်။
စက္ကန့်ပိုင်းမျှ စဥ်းစားဟန်ပြုပြီးနောက် jungkookက ပစ်မှတ်ကို ထိုလူ၏ ဝဲဘက်ရင်အုံဆီပြောင်းလိုက်တော့၏။
လက်ကျန်စီးကရက်ကို တစ်ရှိုက်ဖွာလိုက်ပြီးနောက်
စီးကရက်မီးအား ထိုဂတုံး၏ ငယ်ထိပ်ပေါ်သို့ထိုးခြေလိုက်တော့သည်။
မနှစ်မြို့ဖွယ်ရာ အော်သံနှင့်အတူ jungkook၏ လက်ညှိုးလေးကွေးသွားပြီးနောက်..

Innocence But Devil [Hiatus]Where stories live. Discover now