43

394 43 11
                                    

"ဟင့်အင်း"

Jungkookခေါင်းခါလိုက်သည်။
ဟန်နီစိတ်လွတ်နေပြီ။ သူဒီနားမှာဆက်မနေသင့်တော့ဘူး။
မျက်ရည်ကြည်များ ဝေ့သီနေသော မျက်ဝန်းအိမ်လှလှလေး၊
သူ့ပခုံးကို ဆုပ်ကိုင်ထားသော သွယ်လျလျလက်ချောင်းများ၏ နူးညံ့သာယာသော အထိအတွေ့၊
ရေခဲတုံးလေးများကြား မြုပ်ဝင်နေသော ကျစ်လစ်သောကိုယ်လုံးလေး၊
ဟန်နီ့အရာအားလုံးက သူ့ကို နည်းမျိုးစုံနဲ့ဆွဲဆောင်နေခဲ့တာ။
ခုချိန်မှာ ဟန်နီက အသိစိတ်မကပ်နိုင်တဲ့လူဖြစ်ပေမယ့် သူကတော့ ပုံမှန်အသိစိတ်ရှိနေသေးသည် မဟုတ်လား။
သူဘယ်လိုလုပ်ရတော့မလဲ။

သူထရပ်လိုက်သောအခါ ဟန်နီကသူ့လက်ကောက်ဝတ်ကိုဖမ်းဆုပ်ထားလိုက်သည်။

"မသွားပါနဲ့!တောင်းပန်ပါတယ်"

ငိုသံစွက်နေတဲ့ ဟန်နီ့စကားသံလေးက သူ့ရင်ထဲ မီးတောင်ကြီးတစ်လုံး ပေါက်ကွဲသွားအောင် စွမ်းဆောင်လိုက်နိုင်၏။

"ငိုလို့မဖြစ်ဘူးဟန်နီ ကျွန်တော်ရင်နာလို့ပါ"

လက်သီးကိုတင်းနေအောင်ဆုပ်လိုက်ပြီး ရေချိုးခန်းနံရံကို နှစ်ချက်ဆင့်ထိုးလိုက်သည်။
သူ့ကို ဟန်နီကတွေတွေလေး စိုက်ကြည့်နေသည်။
ပေါက်ပြဲသွားတဲ့ သူ့လက်ဆစ်တွေဆီမှ သွေးစက်များ ရေချိုးခန်းကြမ်းပြင်တွင် ​စွန်းထင်းကုန်ကြသည်။
သူ့ကြောင့်လေ။ ဟန်နီအခုလိုဖြစ်ရတာ သူ့ကြောင့်မလို့ပဲ။ သူသာ ဟန်နီ့ကို ပိုဂရုစိုက်ခဲ့ရင်..

"jungkookငါတို့က လက်ထပ်ပြီးသား အိမ်ထောင်သည်တွေလေ မင်းထိန်းချုပ်ထားစရာမလိုပါဘူး ငါ့ကိုကူညီပါ"

"ဟန်နီရာ"

သူ့လက်ဖဝါးတွေကြားက ဟန်နီမျက်နှာလေး ပူနွေးနေလျက်။
နီရဲနေတဲ့ ဟန်နီ့ရဲ့ နားရွက်ဖျားလေးကို ငုံထွေးလိုက်တော့ တုန်ခါသွားတဲ့ ဟန်နီ့ကိုယ်လုံးလေး။
jungkookပြုံးလိုက်သည်။
ဟန်နီ့မျက်ဝန်းတွေထဲ တည့်မတ်စွာစိုက်ကြည့်ရင်း

"ဟန်နီကျွန်တော့်ကို လူဆိုးဖြစ်အောင်လုပ်နေတာပဲ"

နီရဲနေတဲ့ဟန်နီကိုယ်လုံးလေးက ပေါင်းအိုးထဲကထုတ်လာတဲ့ အသားပေါင်းဖက်ထုပ်လေးသဖွယ်။
ထိုအသားပေါင်းဖက်ထုပ်လေးက သူ့ကိုအရသာမြည်းစမ်းကြည့်ဖို့ ဖျားယောင်းနေသည်မဟုတ်လား။
တစ်ချက်ရယ်လိုက်ရင်း ဟန်နီ့ပါးလေးကို ရွှတ်ခနဲနမ်းချလိုက်၏။
အရည်ပျော်စပြုနေတဲ့ ရေခဲတုံးလေးတွေကြားထဲက ဟန်နီ့ကိုယ်လုံးလေးကို ဆွဲယူပွေ့ချီလိုက်ပြီး အိပ်ခန်းအတွင်းပြန်ဝင်လာကာ ကုတင်ပေါ်ပစ်ချလိုက်သည်။
အိပ်ယာခင်းတစ်ခုလုံး သူတို့နှစ်ဦးကိုယ်ပေါ်မှ ရေများဖြင့် ရွဲစိုကုန်သည်။

You've reached the end of published parts.

⏰ Last updated: Oct 05, 2024 ⏰

Add this story to your Library to get notified about new parts!

Innocence But Devil [Hiatus]Where stories live. Discover now